CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday, June 14, 2009

ဒဏ်ရာ

မေ့ပျောက်တာကြာပြီဖြစ်တဲ့
ဒဏ်ရာတစ်ခုကိုအသက်သွင်းရင်း
ငါဟာရူးမိုက်ချင်သေးတယ်
အမှန်တော့သူဟာငါ့ကိုမိုက်မဲစေခဲ့တာပါ
မေ့ပျောက်စေခဲ့တဲ့ဒီဒဏ်ရာကို
မသိချင်ယောင်ဆောင်ရင်း
ဂရုစိုက်ကြည့်မိတဲ့အချိန်တိုင်းမှာ
ငါ့ရဲ့အတွင်းဒဏ်ရာကမကျက်သေးပါလား
ဆိုတာကိုသိလိုက်ရတော့တာပါပဲ........


မချစ်ရ

Friday, June 12, 2009

တွေ့ဆုံပုံက



တစ်ခါမှအပြင်မှာမမြင်ဘူးတဲ့သူ့ကိုသွားကြိုရတော့စိတ်ထဲမှာတစ်မျိုးပဲ
သူနဲ့ကျွန်မကဓါတ်ပုံပဲမြင်ဘူးကြတာအပြင်မှာတွေ့ရင်ဘာပြောရမှန်းလဲမသိ
အဲလိုမျိုးကလဲမကြိုဘူးတော့ကြောင်တောင်တောင်နဲ့ပေါ့
ဒါနဲ့ပဲလေယာဉ်ကွင်းထဲကလူတွေတစ်ယောက်ပြီးတစ်ယောက်ထွက်လာလိုက်တာကုန်သလောက်ဖြစ်သွားပါပြီ
နောက်ဆုံးတော့ကျွန်မသံသယဖြစ်လာတယ်ဒီလေယာဉ်မှာပါမှပါပမလားလို့ပေါ့
အင်း..မဖြစ်သေးပါဘူးလေယာဉ်ပေါ်ပါလာတဲ့လူစာရင်းသွားကြည့်ဦးမှပဲ ဆိုပြီး
သွားမေးကြည့်လိုက်တော့ နာမည်ဘယ်သူလဲပြောပါတဲ့
အဲဒါမှဒုက္ခနာမည်အပြည့်အစုံကလည်းမသိဘူးကျွန်မကကျွန်မနဲ့သာရင်းရင်းနှီးနှီးစကားပြောဘူးတာ
၁နှစ်လောက်ရှိနေပြီးနာမည်တောင်အစအဆုံးသေချာမမေးဘူး။
ဘာမှလည်းစပ်စပ်စုစုသိပ်မမေးဖြစ်ပါဘူး။
သူပြောတာနားထောင်တယ်ပြီးတော့ကိုယ့်အကြောင်းကိုယ်ပြောတယ်ဒါပါပဲ
သူကလည်းစကားနည်းသူဆိုတော့ဘာမှလဲသိပ်မပြောဖြစ်ဘူးလေ
သူလည်းကျွန်မနာမည်အတိအကျကိုမသိပါဘူးနေရပ်လိပ်စာအကုန်ပေါ့
သူလည်းမမေးဘူးကျွန်မလည်းမပြောဘူးအဲဒီလိုယောင်္ကျားဖြစ်ပြီးမစပ်စုတတ်တဲ့သူတွေကိုပဲ
ကျွန်မကလက်ခံစကားပြောတယ်။ဒါနဲ့ပဲသေချာတော့သမီးမသိဘူး
ဒါပေမယ့်နာမည်အတိုတော့သိတယ်ဆိုပြီးပြောပြတော့သူတို့ကရှာတာမတွေ့ဘူးပြောတယ်။
ဟာ..အဲဒါမှဒုက္ခပါပဲနောက်ဆုံးတော့မဖြစ်တော့ပါဘူး
နာမည်စာရင်းစာရွက်ခဏလောက်သမီးရှာကြည့်ပါရစေဆိုပြီး
တောင်းကြည့်တော့မှသူ့နာမည်အရှည်ကိုတွေ့ပြီးသိတော့တယ်။
အမြန်ကြိုတဲ့အပေါက်ကိုပြန်ပြေးရတော့တာပေါ့ အထဲကိုကြည့်တော့လူကကုန်နေပြီ
နောက်ဆုံးထွက်လာတော့မှဓါတ်ပုံနဲ့တူတဲ့သူ့ကိုတွေ့ရတော့တယ်
သူကချွေးသံရွှဲရွှဲနဲ့ကပြာကရာထွက်လာရ၊ကျွန်မကလည်းဟိုးဘက်ကနေဒီဘက်
ပြန်ပြေးလာရနဲ့ရှုပ်နေတာပါပဲ။နောက်ကျွန်မကသူ့ကိုတွေ့တော့တိုင်နဲ့ကွယ်ပုန်းလိုက်သေးတယ်
သူမှတ်မိပါ့မလားလို့ဒါပေမယ့်သူကမှတ်မိပါတယ်လှမ်းတွေ့ပြီးရီပြတယ်လေ
သူလည်းကိစ္စလေးတွေရှိနေတာနဲ့အထဲမှာကြာသွားတယ်လို့ပြောပါတယ်
နောက်ဆုံးတော့လည်းတွေ့ဆုံကြပုံများကပြာယာကိုခတ်လို့........

မချစ်ရ

Thursday, June 11, 2009

စိတ်ကုန်တယ်

emo Pictures, Images and Photos

တခါတခါကျတော့လည်းကိုယ်လုပ်တာတွေကကိုယ့်အကျိုးကနဲနဲသူများအကျိုးကများများ
ဒါပေမယ့်လည်းကိုယ့်အကျိုးမြတ်မထွက်ရင်ဘာမှမလုပ်ကြဘူးလို့လူတိုင်းကထင်ပြီး
လုပ်နေတယ်များမှတ်နေသလားမသိပါဘူး တကယ်ကိုစိတ်ကုန်ပါပြီ
ကြားကအိတ်စိုက်လုပ်ပေးနေရတဲ့အထဲကသောင်းနဲ့ချီရမှာကို
တပဲခြောက်ပြားကိုတွက်ကပ်ပြီးကြည့်နေသေးတယ်။မသိရင်ကိုယ်ကပဲဖြတ်စားထားသလိုလိုနဲ့
တကယ့်ကိုတပဲခြောက်ပြားပါပိုက်ဆံလေး ၁၀၀၀၊၂၀၀၀ ကို ကပ်ပြီးကြည့်နေတာ
အော် လူတွေလူတွေ မိန်းမ က ကပ်တယ်ဆိုလည်းတော်သေးရဲ့ခုတော့ဖြင့်.....

........................စိတ်ကုန်တယ်..........................


မချစ်ရ

Thursday, June 4, 2009

ဖြူစင်-မေတ္တာ

မှောင်မဲနေတဲ့ကောင်းကင်မှာ
ကြယ်စင်တွေအလင်းပေးသလို
ညစ်နွမ်းနေတဲ့ငါ့စိတ်မှာ
ဖြူစင်မှုတွေနဲ့ချစ်ခြင်းပေးခဲ့တဲ့
မင်းရဲ့ဖြူစင်မေတ္တာကို
အစဉ်ထာဝရတန်ဖိုးထားနေမှာပါ


မချစ်ရ

Wednesday, June 3, 2009

Romance ကမ္ဘာVCD Promotion


Romance ကမ္ဘာ VCD promotion ပွဲကို ၃၁ရက်နေ့ ညနေ၆နာရီတွင် HappyWorld မှာ
ပါဝင်သည့်သူများမှ အမှတ်တရလက်မှတ်ထိုးပွဲ နှင့် ဖျော်ဖြေပွဲ(အခမဲ့)
Lလွန်းဝါ ,L ဆိုင်းဇီ,ဟဲလေး, နေမျိုး ,နီတာ ,ဟိန်းသူရစံ ,ထန်မ်ဘွိုင်း, နေအလင်း ,ဇင်မင်းခန့်(NG2K) ,
COBRA ,X-RAYS, SMOKE , ဇူးမြတ်ထက် , ရတနာမိုင် ,ရှင်ရှင်, ဂျင်မီလာ, အာနှီးယာန်း





မချစ်ရ

အတ္တအချစ်(သို့) မင်းရဲ့အချစ်

Couple Pictures, Images and Photos

မင်းနဲ့ငါ့အကြား
တားဆီးထားတဲ့အတားဆီးတစ်ခုကို
မင်းဘက်ကလည်းမဖျက်ဆီးနိုင်သလို
ငါ့ဘက်ကလည်းကျော်ဝင်လာမှာမဟုတ်ဘူး

ချစ်ပါတယ်ဆိုတဲ့စကားကိုလွယ်လွယ်မပြောသင့်ဘူးလို့
မင်းငါ့ကိုသတ်မှတ်သလိုပဲ
အသက်ပေးထားပြီးချစ်ပါတယ်ဆိုတဲ့စကားကိုလဲ
မင်းဘက်ကလွယ်လွယ်မပြောသင့်ဘူးလေ

တကယ်တော့ လူတိုင်းဟာအတ္တကြီးကြတာပါပဲ
ဒီသဘာဝကိုသိပြီးရက်နဲ့မင်းပြောတဲ့စကားတွေကို
ဇွတ်မှိတ်လက်ခံချင်ခဲ့တာငါပါ

အတ္တကြောင့်ချစ်တဲ့အချစ်ဟာလည်း
ပေးဆပ်အချစ်မဟုတ်သလို
အသက်ပေးလောက်အောင်ချစ်တဲ့အချစ်လည်း
မဟုတ်ဘူး..ဆိုတာကိုနားလည်ပါ



မချစ်ရ

Monday, June 1, 2009

Romace ကမ္ဘာ မှ သီချင်း






I LOVE YOU Pictures, Images and Photos ဆို..ရှင်ရှင် ...., ရေး..စိမ့်


အဆုံးစမဲ့တဲ့ကောင်းကင်လွင်ပြင်ထဲ
တိုင်တည်ပါတယ်မင်းထက်ပိုချစ်သူ
ယှဉ်နိုင်စရာလူမရှိဘူး မင်းအနား မပြောင်းလည်းဘူး ဒီအတိုင်း

ခဏလောက်ဖြစ်ဖြစ်အချစ်တွေမြင်ချင်တယ်
အသိအမှတ်ပြုလိုက် မင်းထက်ပိုချစ်သူ
မြင်နိုင်ရင်သာ အချစ်ရူး မင်းအနား ဂရုမစိုက်နဲ့ ဒီအတိုင်း


CHO:
မျှော်နေတဲ့ အချစ်တစ်ခုအတွက်
သူလှည့်ကြည့်သင့်ပါတယ်
ရင်ဘတ်ထဲ တိုးတိုးလေး
ငါ အမြဲတမ်းညည်းနေမယ်
I love U , I love U
ဆုံနိုင်မလားတွေးနေမယ် ငါတစ်ယောက်တည်းပြောနေမယ်
I love U , I love U
ဆုံနိုင်ခွင့်မရှိရင်လည်း ငါတစ်ယောက်တည်းပြောနေမယ်
I love You


ကျောခိုင်းသွားမယ့်နေ့တွေငိုချင်တယ်
ယုံကြည်ပါကွာမင်းထက်ပိုချစ်သူ
ရင်ဆိုင်ပါမယ်ခေါ်သွား မင်းအနား မထားခဲ့နဲ့ ဒီအတိုင်း

လမ်းခွဲသွားတဲ့မင်းကိုမငြိုငြင်ပဲ
ပြန်ဆုံရင်လေ မင်းထက်ပိုချစ်သူ
ရင်ခုန်စရာလူမရှိဘူး မင်းအနား မေ့မရခဲ့ အရင်အတိုင်း

{CHO:}

I love You

{CHO:} ၂ ခေါက်

မချစ်ရ