CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Wednesday, June 3, 2009

အတ္တအချစ်(သို့) မင်းရဲ့အချစ်

Couple Pictures, Images and Photos

မင်းနဲ့ငါ့အကြား
တားဆီးထားတဲ့အတားဆီးတစ်ခုကို
မင်းဘက်ကလည်းမဖျက်ဆီးနိုင်သလို
ငါ့ဘက်ကလည်းကျော်ဝင်လာမှာမဟုတ်ဘူး

ချစ်ပါတယ်ဆိုတဲ့စကားကိုလွယ်လွယ်မပြောသင့်ဘူးလို့
မင်းငါ့ကိုသတ်မှတ်သလိုပဲ
အသက်ပေးထားပြီးချစ်ပါတယ်ဆိုတဲ့စကားကိုလဲ
မင်းဘက်ကလွယ်လွယ်မပြောသင့်ဘူးလေ

တကယ်တော့ လူတိုင်းဟာအတ္တကြီးကြတာပါပဲ
ဒီသဘာဝကိုသိပြီးရက်နဲ့မင်းပြောတဲ့စကားတွေကို
ဇွတ်မှိတ်လက်ခံချင်ခဲ့တာငါပါ

အတ္တကြောင့်ချစ်တဲ့အချစ်ဟာလည်း
ပေးဆပ်အချစ်မဟုတ်သလို
အသက်ပေးလောက်အောင်ချစ်တဲ့အချစ်လည်း
မဟုတ်ဘူး..ဆိုတာကိုနားလည်ပါ

မချစ်ရ

1 comments:

ကိုနိုင်လင်း said...

ငါနဲ့မင်းကြား

ဘာတွေပဲ တားထားတားထား

ငါဘက်မဖျက်စီးနိုင်သလို

မင်းက လဲကျော်ဝင်လာမယ်လိုမထင်ပါဘူး

ချစ်တယ်ဆိုတဲ့စကားကို ရင်နဲ့ရင်းပြီးပြောခဲ့တာပါ

ငါမင်းကိုဘယ်လိုမှ မသတ်မှတ်ချင်ပါဘူး

တစ်သက်မှာ ဒီတစ်ခါထဲပါပြောတဲ့စကားကိုလဲ

မင်းဘက်က လွယ်လွယ်နဲ့ယုံမယ်မထင်ဘူးလေ

အမှန်တော့ အချစ်တွေတိုင်းမှာအတ္တရှိတယ်ဆိုတာက တကိုယ်ကောင်းဆန်ခြင်းပါ

မင်းပြောထားတဲ့စကားတွေက သဘာဝကို အန်တုနေသလို

ငါပြောတာကို မင်းယုံစေချင်တာကငါပါ

နှလုံးသာရဲ့အလိုကိုလိုက်ပြီး ချစ်တဲ့အချစ်ကလဲ (တကိုယ်ကောင်းဆန်ပြီးချစ်တဲ့အချစ်ကလဲ)

စွန့်လွှတ်အချစ်လို့ မင်း မထင်ပါနဲ့

ရင်နဲ့ရင်းပြီးချစ်ခဲ့တာဆိုတာကလဲ ငါ့ နှလုံးသားကို ခံစားရမှာဆိုးလို့ပါ

အဟုတ်ဆိုတာကို တော့လက်ခံပါ................

သူငယ်ချင်း မင်းစာကို မှီပြီး ငါလဲ ဒီလိုရေးထားတယ်

ဘလော့နာမည်ကတော့
http://moonlight-agc.blogspot.com