မှောင်မဲနေတဲ့ကောင်းကင်မှာ
ကြယ်စင်တွေအလင်းပေးသလို
ညစ်နွမ်းနေတဲ့ငါ့စိတ်မှာ
ဖြူစင်မှုတွေနဲ့ချစ်ခြင်းပေးခဲ့တဲ့
မင်းရဲ့ဖြူစင်မေတ္တာကို
အစဉ်ထာဝရတန်ဖိုးထားနေမှာပါ
မချစ်ရ
Thursday, June 4, 2009
ဖြူစင်-မေတ္တာ
Posted by မချစ်ရ at 2:18 AM 1 comments
Labels: ကဗျာ
Wednesday, June 3, 2009
Romance ကမ္ဘာVCD Promotion
ပါဝင်သည့်သူများမှ အမှတ်တရလက်မှတ်ထိုးပွဲ နှင့် ဖျော်ဖြေပွဲ(အခမဲ့)
မချစ်ရ
Posted by မချစ်ရ at 2:37 PM 1 comments
Labels: သီချင်း
အတ္တအချစ်(သို့) မင်းရဲ့အချစ်

မင်းနဲ့ငါ့အကြား
တားဆီးထားတဲ့အတားဆီးတစ်ခုကို
မင်းဘက်ကလည်းမဖျက်ဆီးနိုင်သလို
ငါ့ဘက်ကလည်းကျော်ဝင်လာမှာမဟုတ်ဘူး
ချစ်ပါတယ်ဆိုတဲ့စကားကိုလွယ်လွယ်မပြောသင့်ဘူးလို့
မင်းငါ့ကိုသတ်မှတ်သလိုပဲ
အသက်ပေးထားပြီးချစ်ပါတယ်ဆိုတဲ့စကားကိုလဲ
မင်းဘက်ကလွယ်လွယ်မပြောသင့်ဘူးလေ
တကယ်တော့ လူတိုင်းဟာအတ္တကြီးကြတာပါပဲ
ဒီသဘာဝကိုသိပြီးရက်နဲ့မင်းပြောတဲ့စကားတွေကို
ဇွတ်မှိတ်လက်ခံချင်ခဲ့တာငါပါ
အတ္တကြောင့်ချစ်တဲ့အချစ်ဟာလည်း
ပေးဆပ်အချစ်မဟုတ်သလို
အသက်ပေးလောက်အောင်ချစ်တဲ့အချစ်လည်း
မဟုတ်ဘူး..ဆိုတာကိုနားလည်ပါ
မချစ်ရ
Posted by မချစ်ရ at 12:14 PM 1 comments
Labels: ပေါက်ကွဲခံစားမှုကဗျာ
Monday, June 1, 2009
Romace ကမ္ဘာ မှ သီချင်း
ဆို..ရှင်ရှင် ...., ရေး..စိမ့်
အဆုံးစမဲ့တဲ့ကောင်းကင်လွင်ပြင်ထဲ
တိုင်တည်ပါတယ်မင်းထက်ပိုချစ်သူ
ယှဉ်နိုင်စရာလူမရှိဘူး မင်းအနား မပြောင်းလည်းဘူး ဒီအတိုင်း
ခဏလောက်ဖြစ်ဖြစ်အချစ်တွေမြင်ချင်တယ်
အသိအမှတ်ပြုလိုက် မင်းထက်ပိုချစ်သူ
မြင်နိုင်ရင်သာ အချစ်ရူး မင်းအနား ဂရုမစိုက်နဲ့ ဒီအတိုင်း
CHO:
မျှော်နေတဲ့ အချစ်တစ်ခုအတွက်
သူလှည့်ကြည့်သင့်ပါတယ်
ရင်ဘတ်ထဲ တိုးတိုးလေး
ငါ အမြဲတမ်းညည်းနေမယ်
I love U , I love U
ဆုံနိုင်မလားတွေးနေမယ် ငါတစ်ယောက်တည်းပြောနေမယ်
I love U , I love U
ဆုံနိုင်ခွင့်မရှိရင်လည်း ငါတစ်ယောက်တည်းပြောနေမယ်
I love You
ကျောခိုင်းသွားမယ့်နေ့တွေငိုချင်တယ်
ယုံကြည်ပါကွာမင်းထက်ပိုချစ်သူ
ရင်ဆိုင်ပါမယ်ခေါ်သွား မင်းအနား မထားခဲ့နဲ့ ဒီအတိုင်း
လမ်းခွဲသွားတဲ့မင်းကိုမငြိုငြင်ပဲ
ပြန်ဆုံရင်လေ မင်းထက်ပိုချစ်သူ
ရင်ခုန်စရာလူမရှိဘူး မင်းအနား မေ့မရခဲ့ အရင်အတိုင်း
{CHO:}
I love You
{CHO:} ၂ ခေါက်
မချစ်ရ
Posted by မချစ်ရ at 10:56 PM 5 comments
Labels: သီချင်း
Sunday, May 31, 2009
မှားပါတယ်
မချစ်ရ
Posted by မချစ်ရ at 11:51 PM 1 comments
Labels: စိတ်ကုန်တယ်
Wednesday, May 27, 2009
သူ့အတွက်..ကဗျာ

မိုးတွေကရွာ..ငါ့စိတ်တွေကရှုပ်ထွေးလွန်းနေတယ်
မိုးရေနဲ့အတူလျှောက်လှမ်းခဲ့ဘူးတဲ့
နေ့လေးတွေရဲ့နောက်မှာ...
ကြည်နူးခြင်းတ၀က်၊ပျော်မြူးခြင်းတ၀က်နဲ့
ဘာတွေဖြစ်ဦးမလဲလို့စဉ်းစားမိလိုက်တိုင်း
အဖြေမရခဲ့တဲ့ငါ့ကို..ချစ်လားလို့မေးနေသူရေ
ငါမင်းရဲ့ချစ်ခြင်းတွေကို...
တန်ဖိုးမထား၊မလေးစားတာမဟုတ်ခဲ့ပါဘူး
ငါကိုယ်တိုင်အဖြေထုတ်မရသေးတဲ့အချစ်ပုစ္ဆာကို
သူများကိုဆရာကြီးလုပ်ပြီးမှန်းဆမဖြေချင်ခဲ့တာပါ
တကယ်တော့..ငါဟာလည်း
လူသားထဲကလူတစ်ယောက်မို့
ခံစားတတ်သူပါ..........
မချစ်ရ
Posted by မချစ်ရ at 1:18 AM 5 comments
Labels: သူ့အတွက်...
Saturday, May 23, 2009
ကျွန်မရဲ့အိမ်ကလေး

ကျွန်မ blog မရေးတာကြာပါပြီစာရေးစာဖတ်ရတဲ့အလုပ်ကိုကျွန်မအရမ်းပျင်းတာပါ။
ဒါပေမယ့် blog လေးဖွင့်ပြီးထဲကသူများ blogတွေမှာစာဝင်ဖတ်
ကိုယ့်blogမှာစာရေးနဲ့စာရေးစာဖတ်ကိုတော်တော်စိတ်ဝင်စားလာခဲ့တာပါ။
ကျွန်မအမ(အနမ်း)ကတော့စာရေးစာဖတ်ဝါသနာကြီးသူမို့
ကျွန်မကိုနည်းနည်းလောက်ဖြစ်ဖြစ်စာဖတ်ဖို့အမြဲပြောပါတယ်။
ကျွန်မစာမရေးဖြစ်တာကလည်းနေသိပ်မကောင်းတာကတစ်ကြောင်း၊
အလုပ်ရှုပ်နေတာကတစ်ကြောင်းမို့
ကျွန်မရဲ့blogလေးကိုပါခဏပိတ်ထားခဲ့ပါတယ်။
အခုတော့လည်းblogကိုအသစ်ပြန်ပြုပြင်ပြီးပြန်ဖွင့်ခဲ့တာပါ။
မချစ်ရ
Posted by မချစ်ရ at 8:40 PM 1 comments
Labels: ကျွန်မနှင့်အကြောင်းအရာ





