ဆို..ရှင်ရှင် ...., ရေး..စိမ့်
အဆုံးစမဲ့တဲ့ကောင်းကင်လွင်ပြင်ထဲ
တိုင်တည်ပါတယ်မင်းထက်ပိုချစ်သူ
ယှဉ်နိုင်စရာလူမရှိဘူး မင်းအနား မပြောင်းလည်းဘူး ဒီအတိုင်း
ခဏလောက်ဖြစ်ဖြစ်အချစ်တွေမြင်ချင်တယ်
အသိအမှတ်ပြုလိုက် မင်းထက်ပိုချစ်သူ
မြင်နိုင်ရင်သာ အချစ်ရူး မင်းအနား ဂရုမစိုက်နဲ့ ဒီအတိုင်း
CHO:
မျှော်နေတဲ့ အချစ်တစ်ခုအတွက်
သူလှည့်ကြည့်သင့်ပါတယ်
ရင်ဘတ်ထဲ တိုးတိုးလေး
ငါ အမြဲတမ်းညည်းနေမယ်
I love U , I love U
ဆုံနိုင်မလားတွေးနေမယ် ငါတစ်ယောက်တည်းပြောနေမယ်
I love U , I love U
ဆုံနိုင်ခွင့်မရှိရင်လည်း ငါတစ်ယောက်တည်းပြောနေမယ်
I love You
ကျောခိုင်းသွားမယ့်နေ့တွေငိုချင်တယ်
ယုံကြည်ပါကွာမင်းထက်ပိုချစ်သူ
ရင်ဆိုင်ပါမယ်ခေါ်သွား မင်းအနား မထားခဲ့နဲ့ ဒီအတိုင်း
လမ်းခွဲသွားတဲ့မင်းကိုမငြိုငြင်ပဲ
ပြန်ဆုံရင်လေ မင်းထက်ပိုချစ်သူ
ရင်ခုန်စရာလူမရှိဘူး မင်းအနား မေ့မရခဲ့ အရင်အတိုင်း
{CHO:}
I love You
{CHO:} ၂ ခေါက်
မချစ်ရ
Monday, June 1, 2009
Romace ကမ္ဘာ မှ သီချင်း
Posted by မချစ်ရ at 10:56 PM 5 comments
Labels: သီချင်း
Sunday, May 31, 2009
မှားပါတယ်
မချစ်ရ
Posted by မချစ်ရ at 11:51 PM 1 comments
Labels: စိတ်ကုန်တယ်
Wednesday, May 27, 2009
သူ့အတွက်..ကဗျာ

မိုးတွေကရွာ..ငါ့စိတ်တွေကရှုပ်ထွေးလွန်းနေတယ်
မိုးရေနဲ့အတူလျှောက်လှမ်းခဲ့ဘူးတဲ့
နေ့လေးတွေရဲ့နောက်မှာ...
ကြည်နူးခြင်းတ၀က်၊ပျော်မြူးခြင်းတ၀က်နဲ့
ဘာတွေဖြစ်ဦးမလဲလို့စဉ်းစားမိလိုက်တိုင်း
အဖြေမရခဲ့တဲ့ငါ့ကို..ချစ်လားလို့မေးနေသူရေ
ငါမင်းရဲ့ချစ်ခြင်းတွေကို...
တန်ဖိုးမထား၊မလေးစားတာမဟုတ်ခဲ့ပါဘူး
ငါကိုယ်တိုင်အဖြေထုတ်မရသေးတဲ့အချစ်ပုစ္ဆာကို
သူများကိုဆရာကြီးလုပ်ပြီးမှန်းဆမဖြေချင်ခဲ့တာပါ
တကယ်တော့..ငါဟာလည်း
လူသားထဲကလူတစ်ယောက်မို့
ခံစားတတ်သူပါ..........
မချစ်ရ
Posted by မချစ်ရ at 1:18 AM 5 comments
Labels: သူ့အတွက်...
Saturday, May 23, 2009
ကျွန်မရဲ့အိမ်ကလေး

ကျွန်မ blog မရေးတာကြာပါပြီစာရေးစာဖတ်ရတဲ့အလုပ်ကိုကျွန်မအရမ်းပျင်းတာပါ။
ဒါပေမယ့် blog လေးဖွင့်ပြီးထဲကသူများ blogတွေမှာစာဝင်ဖတ်
ကိုယ့်blogမှာစာရေးနဲ့စာရေးစာဖတ်ကိုတော်တော်စိတ်ဝင်စားလာခဲ့တာပါ။
ကျွန်မအမ(အနမ်း)ကတော့စာရေးစာဖတ်ဝါသနာကြီးသူမို့
ကျွန်မကိုနည်းနည်းလောက်ဖြစ်ဖြစ်စာဖတ်ဖို့အမြဲပြောပါတယ်။
ကျွန်မစာမရေးဖြစ်တာကလည်းနေသိပ်မကောင်းတာကတစ်ကြောင်း၊
အလုပ်ရှုပ်နေတာကတစ်ကြောင်းမို့
ကျွန်မရဲ့blogလေးကိုပါခဏပိတ်ထားခဲ့ပါတယ်။
အခုတော့လည်းblogကိုအသစ်ပြန်ပြုပြင်ပြီးပြန်ဖွင့်ခဲ့တာပါ။
မချစ်ရ
Posted by မချစ်ရ at 8:40 PM 1 comments
Labels: ကျွန်မနှင့်အကြောင်းအရာ
Sunday, April 26, 2009
အနားယူဦးမည်

ကျွန်မရဲ့ Blog လေးဖွင့်မရခဲ့တာအတော်ကြာခဲ့ပါပြီ။ အခုတော့ဖွင့်ရပါပြီ ။
ဒါပေမယ့်လည်းခဏဖြစ်ဖြစ်အကြာကြီးပဲဖြစ်ဖြစ်အချိန်ကန့်သတ်မရှိအနားယူလိုက်ပါဦးမည်။
ဤBlog လေးကိုလာရောက်ကြည့်ရှုကြတဲ့သူအားလုံးကိုကျေးဇူးတင်လျှက်.......
မချစ်ရ
Posted by မချစ်ရ at 12:46 AM 1 comments
Labels: ကျွန်မနှင့်အကြောင်းအရာ
Thursday, April 9, 2009
"၀ါသနာနဲ့ အိပ်မက်"
သီချင်းသီဆိုရင်းနဲ့အဆိုတော်နာမည်ကြီးတစ်ယောက်ဖြစ်ချင်ခဲ့တာပါ။
ငယ်ငယ်တုန်းကတော့နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်ချင်လွန်းလို့
ကျွန်မရဲ့အတွေးအိပ်မက်ထဲမှာကျွန်မကနာမည်ကြီးအဆိုတော်ပေါ့၊
အခုတော့ကြီးလာပြီဆိုတော့လည်းအတွေးအိပ်မက်ဆိုတာကတော့
ဒါပေမယ့်လည်းကျွန်မ၀ါသနာပါတာလေးကိုဆက်လုပ်ခွင့်ရနေတဲ့
အချိန်လေးတစ်ခုကိုဘဲကျေနပ်နေမိပါတော့တယ်..။
မချစ်ရ ချစ်တဲ့ တီလေး(ညခင်း)ရဲ့ပထမဦးဆုံး တဂ်တာခံရမှ ဘဲ
ကွန်နက်ရှင်တွေကမကောင်းလို့တဂ်ပို့စ်နောက်ကျသွားတဲ့အတွက်
တီလေး(ညခင်း)ကိုတောင်းပန်ပါတယ်နော်၊ ဒီလောက်နဲ့ဘဲကျေနပ်နိုင်ပါစေ....။
မချစ်ရကလည်းပြန်တဂ်လိုက်ပါဦးမယ်နော်..မချစ်ရတဂ်မယ့်သူတွေကတော့..
နေမင်းသံစဉ်
အမ အနမ်း
အမ ကိကိ
ရေးပေးကြပါရန် တောင်းဆိုပါတယ်နော်...။
မချစ်ရ
Posted by မချစ်ရ at 1:38 AM 4 comments
Labels: Tag
Tuesday, March 17, 2009
အီတလီခေါက်ဆွဲ(Spagatti)
၂.မုန့်လုပ်ချီ(စ်)
၅.မှို
၆.ငရုပ်ပွ(ကြိုက်ရင်ထည့်နိုင်ပါတယ်)
ရ.ကြက်သွန်ဖြူ
မြန်မာလိုဆိုရင်တော့မြည်းကြည့်ပြီးခေါက်ဆွဲနူးရင်ချလို့ရပါတယ်။
ကဲဒါဆိုလုပ်စားကြည့်လို့ရပြီထင်တယ်နော်၊ဒီနေ့တော့ထမင်းမစားချင်လို့ညနေစာလုပ်စားလိုက်ပြီ။
မချစ်ရ
Posted by မချစ်ရ at 2:53 PM 3 comments
Labels: မုန့်လုပ်နည်း






