CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Wednesday, June 3, 2009

အတ္တအချစ်(သို့) မင်းရဲ့အချစ်

Couple Pictures, Images and Photos

မင်းနဲ့ငါ့အကြား
တားဆီးထားတဲ့အတားဆီးတစ်ခုကို
မင်းဘက်ကလည်းမဖျက်ဆီးနိုင်သလို
ငါ့ဘက်ကလည်းကျော်ဝင်လာမှာမဟုတ်ဘူး

ချစ်ပါတယ်ဆိုတဲ့စကားကိုလွယ်လွယ်မပြောသင့်ဘူးလို့
မင်းငါ့ကိုသတ်မှတ်သလိုပဲ
အသက်ပေးထားပြီးချစ်ပါတယ်ဆိုတဲ့စကားကိုလဲ
မင်းဘက်ကလွယ်လွယ်မပြောသင့်ဘူးလေ

တကယ်တော့ လူတိုင်းဟာအတ္တကြီးကြတာပါပဲ
ဒီသဘာဝကိုသိပြီးရက်နဲ့မင်းပြောတဲ့စကားတွေကို
ဇွတ်မှိတ်လက်ခံချင်ခဲ့တာငါပါ

အတ္တကြောင့်ချစ်တဲ့အချစ်ဟာလည်း
ပေးဆပ်အချစ်မဟုတ်သလို
အသက်ပေးလောက်အောင်ချစ်တဲ့အချစ်လည်း
မဟုတ်ဘူး..ဆိုတာကိုနားလည်ပါ



မချစ်ရ

Monday, June 1, 2009

Romace ကမ္ဘာ မှ သီချင်း






I LOVE YOU Pictures, Images and Photos ဆို..ရှင်ရှင် ...., ရေး..စိမ့်


အဆုံးစမဲ့တဲ့ကောင်းကင်လွင်ပြင်ထဲ
တိုင်တည်ပါတယ်မင်းထက်ပိုချစ်သူ
ယှဉ်နိုင်စရာလူမရှိဘူး မင်းအနား မပြောင်းလည်းဘူး ဒီအတိုင်း

ခဏလောက်ဖြစ်ဖြစ်အချစ်တွေမြင်ချင်တယ်
အသိအမှတ်ပြုလိုက် မင်းထက်ပိုချစ်သူ
မြင်နိုင်ရင်သာ အချစ်ရူး မင်းအနား ဂရုမစိုက်နဲ့ ဒီအတိုင်း


CHO:
မျှော်နေတဲ့ အချစ်တစ်ခုအတွက်
သူလှည့်ကြည့်သင့်ပါတယ်
ရင်ဘတ်ထဲ တိုးတိုးလေး
ငါ အမြဲတမ်းညည်းနေမယ်
I love U , I love U
ဆုံနိုင်မလားတွေးနေမယ် ငါတစ်ယောက်တည်းပြောနေမယ်
I love U , I love U
ဆုံနိုင်ခွင့်မရှိရင်လည်း ငါတစ်ယောက်တည်းပြောနေမယ်
I love You


ကျောခိုင်းသွားမယ့်နေ့တွေငိုချင်တယ်
ယုံကြည်ပါကွာမင်းထက်ပိုချစ်သူ
ရင်ဆိုင်ပါမယ်ခေါ်သွား မင်းအနား မထားခဲ့နဲ့ ဒီအတိုင်း

လမ်းခွဲသွားတဲ့မင်းကိုမငြိုငြင်ပဲ
ပြန်ဆုံရင်လေ မင်းထက်ပိုချစ်သူ
ရင်ခုန်စရာလူမရှိဘူး မင်းအနား မေ့မရခဲ့ အရင်အတိုင်း

{CHO:}

I love You

{CHO:} ၂ ခေါက်

မချစ်ရ

Sunday, May 31, 2009

မှားပါတယ်



မှားပါတယ်တကယ်ပဲအမကိကိဆိုတာလည်းရေးပေးပါရေးပေးပါနဲ့
လာလာအော်နေတယ်တကယ်ကိုဦးနှောက်ကလည်းမထွက်ဘူးသူ့လိုများ
စာတွေရေးတိုင်းထွက်တဲ့ဦးနှောက်များမှတ်နေလားမသိဘူး(ဟွန့်......)
ကောက်တဲ့သူကကောက်နဲ့ကောက်တာတောင်မသိလိုက်ဘူး(ဟိ....)
အဲလောက်ထိ.....သူ့အတွက်ကဗျာရေးမိတာမှားပါတယ်လို့တောင်
ပြန်အော်ရတော့မလိုဖြစ်နေပြီ
တော်ပြီအမလာမရစ်နဲ့တော့နော်ရေးပြီးပြီတော်တော်ရစ်တဲ့
အမရစ်..အဲဟုတ်ပါဘူး၊မှားလို့၊အမကိ..

သူက blog မရှိလို့သူ့အတွက်ရေးပေးပါလို့ပြောလို့
blog ရှိတဲ့သူတွေကိုယ်ဟာကိုယ်ရေးကြပါလား။

မချစ်ရ

Wednesday, May 27, 2009

သူ့အတွက်..ကဗျာ

+AnImE cOuPlE uNdEr tHe RaIn+ Pictures, Images and Photos

မိုးတွေကရွာ..ငါ့စိတ်တွေကရှုပ်ထွေးလွန်းနေတယ်
မိုးရေနဲ့အတူလျှောက်လှမ်းခဲ့ဘူးတဲ့
နေ့လေးတွေရဲ့နောက်မှာ...
ကြည်နူးခြင်းတ၀က်၊ပျော်မြူးခြင်းတ၀က်နဲ့
ဘာတွေဖြစ်ဦးမလဲလို့စဉ်းစားမိလိုက်တိုင်း
အဖြေမရခဲ့တဲ့ငါ့ကို..ချစ်လားလို့မေးနေသူရေ
ငါမင်းရဲ့ချစ်ခြင်းတွေကို...
တန်ဖိုးမထား၊မလေးစားတာမဟုတ်ခဲ့ပါဘူး
ငါကိုယ်တိုင်အဖြေထုတ်မရသေးတဲ့အချစ်ပုစ္ဆာကို
သူများကိုဆရာကြီးလုပ်ပြီးမှန်းဆမဖြေချင်ခဲ့တာပါ
တကယ်တော့..ငါဟာလည်း
လူသားထဲကလူတစ်ယောက်မို့
ခံစားတတ်သူပါ..........

မချစ်ရ

Saturday, May 23, 2009

ကျွန်မရဲ့အိမ်ကလေး



ကျွန်မ blog မရေးတာကြာပါပြီစာရေးစာဖတ်ရတဲ့အလုပ်ကိုကျွန်မအရမ်းပျင်းတာပါ။
ဒါပေမယ့် blog လေးဖွင့်ပြီးထဲကသူများ blogတွေမှာစာဝင်ဖတ်
ကိုယ့်blogမှာစာရေးနဲ့စာရေးစာဖတ်ကိုတော်တော်စိတ်ဝင်စားလာခဲ့တာပါ။
ကျွန်မအမ(အနမ်း)ကတော့စာရေးစာဖတ်ဝါသနာကြီးသူမို့
ကျွန်မကိုနည်းနည်းလောက်ဖြစ်ဖြစ်စာဖတ်ဖို့အမြဲပြောပါတယ်။
ကျွန်မစာမရေးဖြစ်တာကလည်းနေသိပ်မကောင်းတာကတစ်ကြောင်း၊
အလုပ်ရှုပ်နေတာကတစ်ကြောင်းမို့
ကျွန်မရဲ့blogလေးကိုပါခဏပိတ်ထားခဲ့ပါတယ်။
အခုတော့လည်းblogကိုအသစ်ပြန်ပြုပြင်ပြီးပြန်ဖွင့်ခဲ့တာပါ။

မချစ်ရ

Sunday, April 26, 2009

အနားယူဦးမည်


ကျွန်မရဲ့ Blog လေးဖွင့်မရခဲ့တာအတော်ကြာခဲ့ပါပြီ။ အခုတော့ဖွင့်ရပါပြီ ။
ဒါပေမယ့်လည်းခဏဖြစ်ဖြစ်အကြာကြီးပဲဖြစ်ဖြစ်အချိန်ကန့်သတ်မရှိအနားယူလိုက်ပါဦးမည်။
ဤBlog လေးကိုလာရောက်ကြည့်ရှုကြတဲ့သူအားလုံးကိုကျေးဇူးတင်လျှက်.......

မချစ်ရ

Thursday, April 9, 2009

"၀ါသနာနဲ့ အိပ်မက်"


ကျွန်မငယ်ငယ်လေးကထဲကဖြစ်ချင်ခဲ့တဲ့
ဝါသနာကတော့ကျွန်မရဲ့အတွေးအိပ်မက်လေးတစ်ခုဖြစ်တဲ့
သီချင်းသီဆိုရင်းနဲ့အဆိုတော်နာမည်ကြီးတစ်ယောက်ဖြစ်ချင်ခဲ့တာပါ။
ငယ်ငယ်တုန်းကတော့နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်ချင်လွန်းလို့
ကျွန်မရဲ့အတွေးအိပ်မက်ထဲမှာကျွန်မကနာမည်ကြီးအဆိုတော်ပေါ့၊
အခုတော့ကြီးလာပြီဆိုတော့လည်းအတွေးအိပ်မက်ဆိုတာကတော့
အိပ်မက်တစ်ခုလိုပါဘဲလုံးဝဖြစ်မလာတာမဟုတ်သလို
ကျွန်မဖြစ်ချင်တာအကုန်လုံးလဲဖြစ်ခွင့်မရခဲ့ပြန်ဘူးလေ
ဒါပေမယ့်လည်းကျွန်မ၀ါသနာပါတာလေးကိုဆက်လုပ်ခွင့်ရနေတဲ့
အချိန်လေးတစ်ခုကိုဘဲကျေနပ်နေမိပါတော့တယ်..။
မချစ်ရ ချစ်တဲ့ တီလေး(ညခင်း)ရဲ့ပထမဦးဆုံး တဂ်တာခံရမှ ဘဲ
ကွန်နက်ရှင်တွေကမကောင်းလို့တဂ်ပို့စ်နောက်ကျသွားတဲ့အတွက်
တီလေး(ညခင်း)ကိုတောင်းပန်ပါတယ်နော်၊ ဒီလောက်နဲ့ဘဲကျေနပ်နိုင်ပါစေ....။
မချစ်ရကလည်းပြန်တဂ်လိုက်ပါဦးမယ်နော်..မချစ်ရတဂ်မယ့်သူတွေကတော့..
နေမင်းသံစဉ်
အမ အနမ်း
အမ ကိကိ
ရေးပေးကြပါရန် တောင်းဆိုပါတယ်နော်...။


မချစ်ရ