တေးသီချင်း.....ကိုယ့်သစ္စာ
တေးဆို..........မျိုးကျော့မြိုင်
မချစ်ရ
တေးသီချင်း.....ကိုယ့်သစ္စာ
တေးဆို..........မျိုးကျော့မြိုင်
မချစ်ရ
Posted by မချစ်ရ at 4:13 PM 5 comments
Labels: သီချင်း
ကျီးကန်းပါးစပ်လှိုဏ်ဂူဝသေးသေးလေးထဲဝင်ရင်ဖူးမြော်တွေ့ရှိရသောဘုရားပုံ
စစ်တောင်းဘုရင်တည်ခဲ့တဲ့ဘုရားလို့ပြောပါတယ်။
ဂူရဲ့တဘက်မှာစစ်တောင်းဘုရင်မင်းကနောင်ပွင့်တော်မူမည့်ဘုရားအားရည်စူး၍
ကျောက်သံပတ္တမြားနှင့်စိန်ကျောက်စီခြယ်ထားသောကုတင်များကိုကျောက်ဂူနှင့်
ပိတ်ထားခဲ့သည်ဟုလည်းသိရပါသည်။
ထိုကျောက်ဂူအဆုံးဖွင့်လျှင်စစ်တောင်းမြစ်အထိလမ်းပေါက်သည်ဟုလည်းဆိုပါသည်။
ဤဂူထဲမှာနဂါးမနဲ့ဝိဇ္ဇာဇော်ဂျီတို့ချစ်ကြိုက်ခဲ့ကြပြီးနဂါးမမှဥ၂လုံးဥခဲ့သည်။
ဝိဇ္ဇာဇော်ဂျီကနဂါးမ(တိရစ္ဆာန်)မှန်းမသိချစ်ကြိုက်ခဲ့လို့ရှက်ပြီးထွက်ပြေးခဲ့လေသည်။
နဂါးမကလည်းထိုနေရာတွင်ဥဥပြီးကြေကွဲစွာဖြင့်နဂါးပြည်ပြန်သွားလေတော့သည်။
ဥ၂လုံးမှလူစင်စစ်ဖြစ်သောအင်မတန်ချောမောလှပသောမိန်းကလေး၂ဦးဖွားမြင်ခဲ့သည်။
နာဂသူဇာနှင့်နာဂစန္ဒီဟုအမည်တွင်ခဲ့သည်။
တိဿရသေ့ကြီးနှင့်ညီတော်ရသေ့၁ဥစီယူမွေးစားခဲ့သည်။
တိဿရသေ့ကြီးဆိုသည်မှာမြတ်စွာဘုရားရှင်ကဆံတော်အမွေပေးခဲ့သော
ကျိုက်ထီးရိုးကျောက်တုံးတော်ဦးခေါင်းနှင့်တူသောရသေ့ဖြစ်ပါသည်။
နာဂစန္ဒီကိုရသေ့ကြီးထံမှမွေးစားရန်ကရင်စော်ကဲကြီးတို့လင်မယားမှတောင်းယူခဲ့ပြီး
ရွှေနန်းကျင်ဟုပြောင်းလဲခေါ်တွင်ခဲ့လေသည်။
အင်မတန်မှချောမောလှပသဖြင့်တိဿဓမ္မသီဟရာဇာမင်းမှတော်ကောက်ခဲ့သည်။
ရွှေနန်းကျင်ကတော့ကျိုက်ထီးရိုးဆံတော်ရှင်ရှိရာတောမှာပျော်မွေ့ပြီးရွှေနန်းတော်မှာမပျော်ပါဘူး။
နောက်ဆုံးတော့သူနေထိုင်ခဲ့ရာအရပ်သို့မင်းကြီးအားပြန်ခွင့်တောင်းရာပေးခဲ့သဖြင့်
ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကိုဖူးမြော်ရန်တောင်တက်လာရာရွှေနန်းကျင်အားမကျေနပ်နေသည့်
ဟုန်းနတ်ကြီးမှကိုးတောင်ကျားအသွင်ဖန်ဆင်းကာခြိမ်းခြောက်သဖြင့်
အသက်လု၍ပြေးလွှားခဲ့ရလေသည်။
ရွှေနန်းကျင်မှာအအိပ်ပျက်အစားပျက်သောဒဏ်နှင့်အသက်လုပြေးခဲ့ရသော
ဒုက္ခဝေဒနာကိုခံစားလျှက်နောက်ဆုံးကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကိုမမြင်ရတော့ပဲ
ေ၀၀ါးလာကာမှန်းဆ၍ကန်တော့ပြီးသေပွဲဝင်ခဲ့ရလေတော့သည်။
ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်တက်စတွင်ရွှေနန်းကျင်သေဆုံးခဲ့သောနေရာကို
ရွှေနန်းကျင်နတ်နန်း ဆိုပြီးတွေ့မြင်နိုင်ပါသည်။
PS..(အတိုချုံး၍ရေးသားလိုက်ပါသည်)
မချစ်ရ
Posted by မချစ်ရ at 10:04 PM 1 comments
Labels: ဖြစ်ရပ်မှန်
Posted by မချစ်ရ at 10:34 PM 1 comments
Labels: ဖြစ်ရပ်မှန်
" ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီး "
Posted by မချစ်ရ at 7:03 PM 3 comments
Labels: ဘုရားဖူးမယ်
Valentine's day ကိုတော့အားလုံးသိကြမှာပါဘုန်းတော်ကြီး Valentine ကိုဂုဏ်ပြုတဲ့နေ့ကိုခေါ်တယ်ဆိုတာ။
အဲဒီနေ့ရဲ့တချိန်ကအမှတ်တရလေးကိုတော့ခုထိမမေ့သေးပါဘူး။
နှစ်တွေတော့ကြာခဲ့ပါပြီဘယ်နှစ်လဲတော့သေချာမမှတ်မိတော့ပါဘူး။
Valentine's day မှာသမ္မတရုပ်ရှင်ရုံမှာ Titanic ရုပ်ရှင်ကားကြီးတင်တဲ့နေ့ပေါ့
အဲဒီအချိန်ကျွန်မနှင့်သူငယ်ချင်းနှစ်ယောက်ဒီကားကိုကြည့်ဖို့လက်မှတ်ကိုကြိုတင်ဝယ်ထားရတယ်လေ
ကျွန်မတို့သွားကြည့်တဲ့နေ့ကလည်းချစ်သူများနေ့လက်မှတ်ကလည်း၂စောင်ဝယ်တော့
ကျွန်မတို့နှစ်ယောက်ကိုပေးလိုက်တဲ့နေရာကဟိုးဒေါင့်စွန်းချောင်လေးတနေရာမှာပါပဲ။
ကြည့်ရတာကလည်းအဆင်မပြေစုံတွဲထင်ပြီးပေးလိုက်တာထင်ပါရဲ့....
ဇာတ်လမ်းကိုအဓိကထားကြည့်ချင်တဲ့ကျွန်မနှင့်သူငယ်ချင်းကောင်မလေးမှာတော့
စိတ်တွေကိုညစ်နေတော့တာပါပဲ။ဒီနှစ်မှာတော့အမေနဲ့ကျိုက်ထီးရိုး၂ယောက်ထဲသွားမှာမို့လို့
အဆင်ပြေမယ်လို့ထင်တာပါပဲ။ချစ်သူများနေ့မှာချစ်သူတွေအဆင်ပြေနိုင်ကြပါစေ။
ချစ်သူမရှိသူတွေလည်းပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းခဲ့ပါမယ်။
ကျွန်မတော့အရုပ်တစ်ရုပ်နဲ့ချော့ကလက်ဝယ်ထားတယ်။
အပေါ်ကအရုပ်ကကျွန်မအမအတွက်ချော့ကလက်ကတော့ကလေးတွေအတွက် :P
မချစ်ရ
Posted by မချစ်ရ at 1:39 PM 2 comments
Labels: ကျွန်မနှင့်အကြောင်းအရာ

ပင်လယ်ကို အရမ်းချစ်တဲ့လူတစ်ယောက်ကအားတိုင်းမကြာခဏဆိုသလိုပင်လယ်ပြင်ကိုသွားကြည့်ခဲ့တယ်။ ပင်လယ်ပြင်ကိုကြည့်ပြီး စကားတွေပြောနေတတ်တယ်။
တစ်နေ့တော့သူကပင်လယ်ကို ကြည့်ပြီး "ပင်လယ်... ငါမှာဖြင့်နင့်ကိုချစ်လိုက်ရတာ... နင်ကတော့ ငါ့ကို ပြန်မချစ်ခဲ့ဘူး။ ငါ့ကိုအချစ်နည်းနည်းပေးပါ ပင်လယ်... ငါလာတိုင်း ငြိမ်ပြီး နေမပြပါနဲ့"လို့ပြောတော့ "ပင်လယ်က ခဏလောက် တွေဝေသွားပြီး....."ငါရဲ့အချစ်က နည်းနည်းပြင်းတယ်။
"ငါ့အချစ်ကို နင်တကယ်ပဲ အလိုရှိသလား" "ဟုတ်တယ်... နင့်အချစ်တွေ ငါ့ကိုမြန်မြန်ပေးပါ"
"ဒါပေမယ့်... နင်ခံနိုင်ရည် ရှိပါ့မလား" "ဒါပေမယ့်တွေ လုပ်မနေပါနဲ့တော့...နင့်အချစ်ကို ငါစောင့်နေတယ်"
ပင်လယ်ကအဝေးကနေလှိုင်းထပြီးသူ့ဆီကိုတဖြည်းဖြည်းချည်းကပ်လာခဲ့တယ်။
လှိုင်းတွေကမ်းခြေကိုမရောက်ခင်မှာဘဲသူဟာလန့်ပြီးထွက်ပြေးသွားခဲ့တယ်။
ပင်လယ်ကစိတ်ထိခိုက်ပြီးကျန်ရစ်ခဲ့တယ်။ နှုတ်ဆိတ်ပြီးမျက်ရည်တွေကျနေခဲ့မိတယ်။
အဲဒီအဖြစ်အပျက်ကိုတိမ်ကမြင်လိုက်တယ်။အဲဒီလိုနဲ့အချိန်တွေတရွေ့ရွေ့ကုန်သွားခဲ့တယ်။
ပင်လယ်ကို ချစ်တဲ့လူနောက်တစ်ယောက်ထပ်ရောက်လာခဲ့တယ်။
သူလည်းပင်လယ်ကိုအရမ်းချစ်ပြီးပင်လယ်ဘေးမှာပဲသူ့အချိန်တွေကိုကုန်စေခဲ့တယ်။
တစ်နေ့မှာသူလည်းဟိုအရင်ကတစ်ယောက်လိုပဲပင်လယ်ကိုပြောခဲ့တယ်။
"ပင်လယ်... နင့်အချစ်တွေ ငါ့ကိုပေးပါ"ပင်လယ်က တစ်ခါခံထားရဖူးတော့အချစ်ကိုသက်သေပြရမှာ ကြောက်နေခဲ့တယ်။သူကလည်း ပင်လယ်ကိုအချစ်တွေပေးပါ..ပေးပါလို့မကြာခဏ တောင်းဆိုနေတော့နောက်ဆုံးမှာပင်လယ်က " ငါ့အချစ်တွေကို နင်တကယ်ယူမလား...ငါ့အချစ်ကပြင်းထန်တယ်နော်.. နင်ခံနိုင်ရည်ရှိပါ့မလား"အဲဒီစကားကို ကြားတော့ ပင်လယ်ချစ်တဲ့လူက ရင်ကိုဖွင့်ပြီးယုံကြည်မှုအပြည့်နဲ့ " လာပါ... နင့်အချစ်တွေ ငါ့ကိုပေးပါ" လို့ ပြောတယ်။
ပင်လယ်ကအဝေးကနေလှိုင်းတွေထပြီးသူ့ဆီကိုတဖြည်းဖြည်းချည်းကပ်သွားတယ်။
လှိုင်းတွေကမ်းနားရောက်လာပြီဆိုရင်ပဲသူဟာလှိုင်းတွေကို အားပါးတရပွေ့ဖက် လိုက်တော့တယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်တော့ " သူဟာ အချစ်ကိုနားလည်တဲ့လူပဲ။
အချစ်စစ်အချစ်မှန်ဆိုတာ ဘယ်လောက်ပဲ ပြင်းထန်နေပါစေလူကိုမထိခိုက် မနာကျင်စေဘူးလေ" လို့ တစ်ကိုယ်တည်း ပြောနေတော့တယ်။အဲဒီလိုနဲ့ပင်လယ်ချစ်သူကပင်လယ်နဲ့အတူတူနေလာတာကြာတော့ တစ်နေ့မှာသူက"ပင်လယ်.. နင့်ကိုငါ မချစ်တော့ဘူး..... နင့်ရဲ့အချစ်က ငြိမ်လိုက်....လှိုင်းထလိုက်၊ လှိုင်းထလိုက်.... ငြိမ်လိုက်နဲ့ တစ်ခြားအပြောင်းအလဲလေးတောင် မရှိတော့ဘူးလား... ငါသွားတော့မယ်" ဆိုပြီး ပင်လယ်ကိုထားရစ်ခဲ့ပြန်တယ်။ပင်လယ်ကအရမ်း စိတ်ထိခိုက်ပေမယ့်လည်းသူ့ကိုမတားဖြစ်ခဲ့ဘူး။
ဒါကိုတိမ်ကမြင်လိုက်တယ်။သူလည်းပင်လယ်ကိုချစ်တယ်ဆိုပြီး စွန့်သွားခဲ့ပြန်ပြီပေါ့လား...
" မငိုပါနဲ့ ပင်လယ်ရယ်... နင်ရဲ့အချစ်က သူတို့နဲ့ မထိုက်တန်ပါဘူး...ငါသိတယ်" တိမ်က ပင်လယ်ကို နှစ်သိမ့်တယ်။" နင့်သိတယ်..နင်ဘာကို သိတာလဲ" ပင်လယ်ကတအံ့တသြ ပြန်မေးတယ်။
"သူတို့ကနင့်ရဲ့အပေါ်ယံကိုပဲကြည့်ပြီးချစ်ခဲ့ကြတာ...နင့်ရဲ့အတွင်းစိတ်ကိုချစ်ဖို့နားမလည်ခဲ့ကြဘူး။ တကယ်လို့သူတို့ကနင့်ကို နားလည်မယ်၊တကယ်ချစ်တတ်ခဲ့မယ်ဆိုရင်ပင်လယ်အောက်မှာ ရှုမငြီးတဲ့အဖိုးတန်ရှုခင်း တွေဟာသူတို့အတွက်နင်ဖန်တီးထားတယ် ဆိုတာကိုသူတို့ခံစားကြရမှာပေါ့"
တစ်ချိန်တုန်းကကိုယ်ဟာလူတွေမချစ်တတ်ခဲ့တဲ့ပင်လယ်လား...?
ဒါမှမဟုတ်ပင်လယ်ကိုမချစ်တတ်ခဲ့တဲ့ လူလား....?
ပင်လယ်ဖြစ်ခဲ့မယ်ဆိုရင်အနည်းဆုံးတော့ကိုယ့်မှာလူတွေမခံစားခဲ့ရတဲ့လှပတဲ့ အတွင်းစိတ်တွေရှိမယ်။ ပင်လယ်ကို မချစ်တတ်တဲ့လူ ဖြစ်ခဲ့မယ်ဆိုရင်ပင်လယ် အောက် (အတွင်းစိတ်)က ရှုခင်းတွေကို ကြည့်ဖို့ကိုယ်မထိုက်ခဲ့လို့ပဲ။အချစ်ဆိုတာ ဒီလိုပဲလား....?
အချစ်စစ်ကိုရှာတွေ့ဖို့ကိုယ့်ကိုနားလည်ပေးတတ်တဲ့လူကိုရှာရမယ်တဲ့။
အဲဒီလူကခြောက်ပစ်ကင်းတော့မဖြစ်နိုင်ဘူး။ ဒါပေမယ့်သူဟာကိုယ့်ကိုနားလည်ပေးလို့ကိုယ့်အမြင်မှာသူဟာ ခြောက်ပစ်ကင်းနေပါတယ်။တစ်ဦးကိုတစ်ဦးနားလည်တယ်ဆိုတာဘာလဲ...?
ကိုယ်ရှုံးနိမ့်နေချိန်မှာကိုယ်အကျင့်သိက္ခာကိုထိပါးတဲ့စကားမပြောသူကိုယ်စိတ်ညစ်နေချိန်မှာအသေးအမွှား ကိစ္စတစ်ခုအတွက်နဲ့ကိုယ့်ကိုရန်မရှာတတ်သူမိုင်ပေါင်းထောင်ချီဝေးနေလည်းကိုယ့်ကို ယုံကြည်စိတ်ချသူကိုယ်စိတ်ရှုပ်ချိန်မှာသူစိတ်ရှုပ်တာတွေကိုရင်မဖွင့်ပြတတ်တဲ့သူ
ကိုယ်ပျော်နေချိန်မှာသူပျော်ရွှင်တာတွေကိုထုတ်ဖော်ပြောတတ်တဲ့သူတစ်ဦးကိုတစ်ဦးနားလည်နိုင်ဖို့ဆိုတာ ခွင့်လွတ်ခြင်းတွေရှိရမယ်၊အကြင်နာတွေ ရှိရမယ်။ကိုယ့်ကိုနားလည်တဲ့လူတစ်ယောက်ကို ရှာဖို့ရာခက်ကောင်းခက်လိုက်မယ်။ ဒါပေမယ့်ကိုယ့်ကိုယ်ကိုယုံကြည်မှုထားရမယ်။
ကိုယ့်ကိုနားလည်တဲ့လူတစ်ယောက်ကိုရှာဖို့ကိုယ်ကသူ့နားလည်နိုင်တဲ့လူဖြစ်အောင်အရင်ဆုံးလုပ်ရလိမ့်မယ်။
PS..ဘာတွေလည်းတော့မသိပါဘူးသူငယ်ချင်းတစ်ယောက်ပို့လာလို့အမှတ်တရတင်ပေးလိုက်တာပါ။
Posted by မချစ်ရ at 2:33 PM 2 comments
Labels: အချစ်စစ်ဆိုတာ...?
Get your own Digital Clock
![]()