CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Friday, February 20, 2009

မယ်တော်မြနန်းဝေ



ကျိုက်ထီးရိုးအပြန်လမ်းပဲခူးတွင်ထူးထူးဆန်းဆန်းတစ်နေရာကိုလိုက်ပို့ပေးခဲ့သေးသည်။
အပေါ်ပုံမြွေကြီးမှာကျွန်မတို့စီးလာသော၄၅ယောက်စီးကားထက်ပိုရှည်လျားပြီး
အတုတ်မှာပုံတွင်မြင်တွေ့ရသည့်အတိုင်းပင်ဖြစ်ပါသည်။ထိုမြွေကြီးမှာမယ်တော်မြနန်းဝေဘယ်ဘက်ပုံ
ဖြစ်ပြီး၊ယ္ခုဘ၀တွင်မြွေမဖြစ်ပြီးသာသနာပြုရန်ရောက်ရှိလာခြင်းဖြစ်သည်ဟု
ဝင်ပူးပြောဆိုခဲ့ခြင်းဖြစ်လေသည်။မြွေကြီး၏သက်တော်မှာ၁၁၀ကျော်ပြီဖြစ်သည်။
မြွေကြီးမှာဘုန်းကြီးကျောင်းဝင်းတွင်နေထိုင်ကာဆက်လက်သာသနာပြုနေသည်ဟုဆိုသည်။
တံတားဆောက်ရန်၊ကျောင်းဆောက်ရန်များကိုလည်းဘုန်းကြီးတွေအားအိပ်မက်ပေးခဲ့သည်ဟုပြောသည်။
မြွေကြောက်တတ်တဲ့ကျွန်မထိုမြွေကြီးကိုတွေ့ပြီးမကြောက်ရွံ့သည့်အပြင်သနားနေမိသေးသည်။

မချစ်ရ

1 comments:

Welcome said...

မြွေဆိုရင် သေးသေး၊ ကြီးကြီး ကြောက်တယ်။ ပိုဆိုးတာက အမျိုးအစား မခွဲခြားတတ်တာကိုပါပဲ။
မြွေဆိုတာနဲ့ မေတ္တာပို့ပြီးသားပဲ .. ငှဲငှဲ