ဂေါတမမြတ်စွာဘုရား ရာဇဂြိုဟ်ပြည်တွင်သီတင်းသုံးနေစဉ်
အက္ကောသဘာရဒွါဇပုဏ္ဏားနှင့်သူ၏အမျိုးသမီးဖြစ်သူဓနဉ္စာနီပုဏ္ဏားမ
တို့ရှိလေသည်။တနေ့သော်ပုဏ္ဏားမခန္ဓာကိုယ်အနေအထားဟန်ချက်ပျက်
ယိုင်းယိုင်သွားသဖြင့် နမောဗုဒ္ဓ ဟုယောင်လိုက်ရာ..
ပုဏ္ဏားကြီး၏နားထဲမှာသံရည်ပူလောင်းချလိုက်သကဲ့သို့
အရှင်ဂေါတမကိုချီးကျူးနေကြသံပဲကြားနေရတယ်..
သူ၏အကိုရဟန်းပြုသည်ဟုလည်းကြားရသဖြင့်မြတ်စွာဘုရားထံလာရောက်
ဆဲရေးပြီး နောက် သူ၏ညီဖြစ်သူ အသုရိန္ဒကဘာရဒွါဇပုဏ္ဏားသည်လည်း
မြတ်စွာဘုရားထံသို့သွားပြီးမဖွယ်မရာရုန့်ရင်းကြမ်းတမ်းသောစကားတို့ဖြင့်
ဆဲရေးပြန်သည်။ယင်းသို့ ဆဲရေးသောအခါ မြတ်စွာဘုရားသည် တစုံတရာ
ဘာမျှပြန်မပြောဘဲဆိတ်ဆိတ်နေလေ၏။
ထိုအခါ အသုရိန္ဒက ပုဏ္ဏားက မြတ်စွာဘုရားအား....
ရဟန်းသင့်ကို ကျွန်ုပ်တို့ အောင်နိုင်ပြီ၊ရဟန်းသင့်ကို ကျွန်ုပ်တို့ အောင်နိုင်ပြီ
ဟု ပြောလေ၏။
ထိုအခါ မြတ်စွာဘုရားက-
ပုဏ္ဏား..သူမိုက်သည် စကားအားဖြင့် ရုန့်ရင်းကြမ်းတမ်းစွာ
ဆဲရေးပြောဆိုသည်ကို ငါ အောင်နိုင်သည် ဟုမှတ်ထင်လေ၏။
အသင်ပုဏ္ဏားအသင်သည်သူတစ်ပါးအားလက်ဆောင်ပဏ္ဏာသွားရောက်
ပေးကမ်းပါကထိုသူမှမယူလျှင်ဤလက်ဆောင်သည်မည်သူ့လက်ထဲ၌သာရှိမည်နည်း
ပေးသူသင်၏လက်ထဲ၌သာရှိနေပေလိမ့်မည်။ထိုနည်းတူစွာအသင်ပေးသော
ဆဲရေးပြောဆိုသည်ကိုလက်မခံပါကသင့်ထံ၌သာရှိနေပါသည်။
သည်းခံခြင်း၏ အကျိုးကျေးဇူးကိုသိသော ပညာရှိပုဂ္ဂိုလ်၏ နှုတ်တုံ့မပြန်ဘဲ
သည်းခံနေခြင်းသည်သာလျှင်အောင်နိုင်ခြင်းအစစ်ဖြစ်လေသည်
ဟု မိန့်တော်မူလိုက်လေသည်။
မြတ်စွာဘုရားဟောပြောတော်မူသောတရားလက်ဆောင်သည်လည်း
ကျွန်ုပ်အတွက်ဘုရားပေးသောလက်ဆောင်သာဖြစ်ပါတော့သည်။
္ကဤပို့စ်လေးတင်ချင်တာကြာခဲ့ပေမယ့်အတိကျမသိသေးတဲ့အတွက်
နောက်ကျခဲ့ပါသည်။ကူညီပြောပြပေးခဲ့သူအားအထူးကျေးဇူးတင်ပါသည်။
အမှားတစုံတရာပါ,ပါကကွန်မန့်တွင်ပြင်ပေးခဲ့နိုင်ပါသည်။
ကျေးဇူးတင်ပါသည်။
မချစ်ရ
အရမ်းလွမ်းတာပဲ
1 month ago
14 comments:
ညီမလေးရေ ဘုရားအဆုံမနဲ့ တွဲပြီး ဖေါ်ပြထားတဲ့ အနှစ်သာရရှိတဲ့ ပို့စ်ကောင်းလေးကို ဖတ်သွားပါတယ်။ အဆင်ပြေချမ်းမြေ့ပါစေလို့ ဆုတောင်းပေးသွားပါတယ်။
အယ် ၁၁၁၁၁၁၁၁၁၁၁၁၁ ကွ ထင်တောင်ထင်ဘူး ၁၁၁၁ ရလိမ့်မယ်လို့။ အဟိ
ခင်မင်လျှက်
ညီမလေး ပါးလုံး
သည်းခံခြင်းသည် အောင်နိုင်ခြင်း ......
မြတ်စွာဘုရားပေးတဲ့ လက်ဆောင်ကို အမြဲရင်မှာထားလို့ 
္ကဤနည်းဖြင့် အောင်နိုင်ခြင်းကို အမြဲရနိုင်ပါစေ ....
ခွင့်လွှတ်ခြင်းတရားကိုလည်း
ထာဝရ လက်ကိုင်ထားနိုင်ပါစေ ...
မမရေ ကျေးဇူးနော်..အရင်ကစိတ်လိုက်မာန်ပါတွေလုပ်ခဲ့တာတောင် နောင်တရသွားသလိုပါပဲ...
သည်းခံစိတ်ဖြစ်အောင်ရေးပေးတဲ့ပိုစ်လေးပါဘဲဗျာ
ဒီပို့စ်လေးအတွက်ကျေးဇူးပါဘဲ..
အဲ..ရှောက်သီးလာသွားပြီကိုး :D
cbox မရှိလို့ဒီကနေပြောသွားတယ်နော် လင့်ယူသွားပါတယ်ရှင်
သတိလေး ပေးလို့ကျေးဇူး မမ...
တစ်ခါတစ်လေ အသိလေးတွေက ပျောက်ချင်နေတယ်...
ပို့စ်ကောင်းလေးအတွက်ကျေးဇူးပါနော်။
ညည်းခံခြင်းဖြင့် အောင်မြင်နိုင်ပါစေလို့
ကိုယ်ကိုကိုယ်လည်းပြန်သတိပေးထားရတာ
သူများတွေကိုလည်းကုသိုလ်မျှဝေတာပါ
ဘုရာပေးတဲ့လက်ဆောင်လေးလာဖတ်ပါတယ်။
အခုလို့ကြိုးစားရှာဖွေပြီးပို့စ်
တင်ပြထားသည့်အတွက်သာဓုပါကွယ်......
အပြည့်အဝကို ထောက်ခံပါတယ်... (အမယ်... ခပ်တည်တည်နဲ့.. ဟိဟိ)
စာစုံဖတ်တဲ့ အသိစုံရှိတဲ့ လူမျိုးကို ကျေနပ်တယ် ဗျာ။အားရတယ် ...အားလဲ ကျတယ်ပေါ့ D:
သိပ်ကောင်းပါတယ် ငါ့ညီမလေး
“ပုဏ္ဏား၊ သင်သည် သူတပါးအား လက်ဆောင် စသည် ပေးဖူးသလား”
“ပေးဖူးတာပေါ့”
“သင်ပေးသော လက်ဆောင်ကို သူတပါးက မယူလျှင် ထိုလက်ဆောင်ကို သင်ဘာလုပ်လိုက်သနည်း”
“သူမယူမှတော့ ကိုယ်ပြန်သိမ်းထားရတာပေါ့”
“အဲလိုပဲ ပုဏ္ဏား သင်ပေးသော ဆဲရေးခြင်းကို ငါမယူ”
ဘုရားပေးသော လက်ဆောင်ကို မိမိရရယူနိုင်ပါစေ...
Post a Comment