အခုတော့....သူမရင်ထဲမှာနာကျင်ခံစားနေရပါပြီ
သူမတစ်ယောက်ထဲသူ့အရူးကောင်လေးကိုစောင့်မျှော်လို့
သူမရဲ့အရူးကောင်လေးကတော့မလာနိုင်တော့ပါဘူး............. ပြီးတော့သူမစိတ်ညစ်တိုင်းအစားထိုးနေကြအလုပ်ကိုသူမမလုပ်ခဲ့ပါဘူး
ဘာလို့လဲဆိုတော့သူမရဲ့အရူးကောင်လေးက
သူမအနားမှာရှိနေတယ်ဆိုတာကိုယုံကြည်ထားတုန်းပါပဲ...
နောက်တစ်လလောက်အကြာမှာ....
သူမဆီကိုကောင်လေးတစ်ယောက်မထင်မှတ်ပဲရောက်လာပါတယ်
ကောင်လေးကမေးတယ် "သူ့ကိုမမှတ်မိတော့ဘူးလား" တဲ့
"ဟင့်အင်း..မသိပါဘူး"လို့ပြောလိုက်တယ်
ကောင်လေးက"သူက အရူးကောင်လေးပါ သူမသေပါဘူး"
"သူအဝေးတနေရာမှာခဏနေနေတာပါ"
သူမသူ့ကိုတကယ်ချစ်လား၊မချစ်လားသိချင်လို့ပါ
"ဟင့်အင်း..မဖြစ်နိုင်တာ"
သူမ ဘယ်လိုမှမယုံကြည်နိုင်ပါဘူး။
သူမရဲ့အရူးကောင်လေးကသူမကိုအရိပ်တကြည့်ကြည့်နေတာ
ခုလိုနာကျင်ခံစားရအောင်ဘယ်တုန်းကမှမလုပ်ခဲ့သလိုလုပ်မှာလဲမဟုတ်ပါဘူး
သူ့ကြောင့်သူမစိတ်ဆင်းရဲတာကိုလည်းဘယ်တုန်းကမှမကြည့်ရက်ပါဘူး
ပြီးတော့သူမဆီကဘယ်တုန်းကမှအချစ်ကိုမတောင်းခံခဲ့ပါဘူး
ပေးဆပ်အချစ်သက်သက်နဲ့ပဲချစ်ခဲ့တာပါ။သူမကိုလည်းကတိပေးထားပြီးသားပဲ
အသက်ရှင်ရက်နဲ့သူမအနားကမထွက်သွားပါဘူးလို့
ကောင်လေးကသူမရဲ့အရူးကောင်လေးနဲ့တော်တော်တူပါတယ်။
သူဟုတ်မှန်ကြောင်းကိုသက်သေပစ္စည်းအနေနဲ့ကဗျာတွေ၊
သူကောက်ထားတဲ့နေ့စွဲအလိုက်ရေးထားတဲ့သစ်ရွက်ခြောက်လေးတွေ၊
သူမပို့ပေးတဲ့ပစ္စည်းလေးတွေပြပါတယ်...
သူမကိုလည်းချစ်ပါတယ်.....
ဒါပေမယ့်မတူညီတဲ့အချက်တချို့ကသူမရင်ထဲမှာသာခံစားသိနေပါတော့တယ်..
(အဲဒါကအရူးကောင်လေးအစစ်လား?အတုလား?
အရူးကောင်လေးကသေသလား?မသေဘူးလား?)
တကယ်လို့အရူးကောင်လေးကမသေဘူးအစစ်ဆိုရင်တောင်
သူမစိတ်ထဲမှာကသေသွားပါပြီ.....
သူမဘယ်သူနဲ့မှအစားထိုးတော့မှာမဟုတ်ပါဘူး..........
သူမမပြောလိုက်ရတဲ့စကားတွေအတွက်လည်းသော့ခတ်ထားလိုက်တော့မှာပါ....
သူမနဲ့အရူးကောင်လေးတို့ရဲ့သံယောဇဉ်ကချစ်ခြင်းမေတ္တာထက်ခိုင်မြဲပါတယ်
မချစ်ရ
အရမ်းလွမ်းတာပဲ
1 month ago
6 comments:
မမရေ ဇာတ်လမ်းလေးက မဆုံးသေးပါဘူးနော်...
အရူးတွေအကြောင်းသိပ်မရေးနဲ့ရူးသွားဦးမယ်...းp
ပုံ....အမြင်ကပ်စရာကြီး
ဇတ်သိမ်းလေးတော့ကောင်းပါတယ်....ဒါပေမဲ့ ဆက်ရေးမယ်ဆိုရင် မပြီးသေးဘူးနော်....ဆက်ရန်ရှိ၏.............မကြာမှီမျှော်....းp
ဆောင်းနှင်း
ငယ်ရေ .... ရေးထားတာကောင်းလိုက်တာ .... အရူးကောင်လေးကလဲ တကယ်ချစ်တယ် ... အရူးကောင်လေးကိုလဲ တကယ်ချစ်တယ်ဆိုရင် ရင်ထဲမှာပဲမထားလိုက်ပါနဲ့လား ... တခါတလေ ခေါင်းမာလွန်းတဲ့အစွဲတွေက ရင်နာရတတ်တယ်လေ ....
ညီမလေးရေ.... လာဖတ်တယ် ..နောက်အချိန်ရရင် ဘလော့ကိုအစအဆုံး ဖတ်ဦးမယ်.... စိတ်ဝင်စားဘို့ကောင်းတယ်
ဇာတ်သိမ်းပိုင်းပါဆိုဆက်ရန်လာလုပ်ခိုင်းနေတယ်
ကိုယ့်ဟာကိုယ်ကြိုက်သလိုသာဆက်လိုက်တော
့ဟေ့...............
Post a Comment