CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Monday, December 8, 2008

ဒီဇင်ဘာရဲ့အလွမ်းများ




ဒီဇင်ဘာလကိုအရင်ကတော့အရမ်းကိုနှစ်သက်ခဲ့ပါတယ်။
ဘာလို့လဲဆိုတော့နှင်းကျတာနဲ့အေးတာကိုကြိုက်နှစ်သက်လို့ပါပဲ။
ပျော်လည်းအရမ်းပျော်တယ်ဒီလမှာသီချင်းဆိုပွဲတွေရှိတယ်

ပျော်ပွဲရွှင်ပွဲတွေနဲ့သူငယ်ချင်းပေါများတဲ့ကျွန်မအဖို့ကတော
့အိမ်မှာကပ်တယ်ကိုမရှိပါဘူး။
စတိတ်ရှိုးတွေလည်းရှိတော့သွားဖို့သူငယ်ချင်းတွေကလာခေါ်တယ်။
စတိတ်ရှိုးဆိုကျွန်မတို့သူငယ်ချင်းတွေကအရမ်းကြိုက်ကြတာလေ။
ခရစ်စမတ်ဆိုရင်ပျော်စရာသိပ်ကောင်းတယ်ပြောကြပေမယ့်
ကျွန်မကတော့နယူးယားကိုပိုပျော်တယ်။
အဲဒီညဆိုရင်မိုးလင်းပေါက်ပဲသူငယ်ချင်းတွေနဲ့လျှောက်လည်တာလေ။

မနှစ်ကဒီဇင်ဘာနေ့လေးတစ်နေ့ကိုသတိရမိပါတယ်။
နေ့တော့အတိအကျမမှတ်မိတော့ပါဘူး၊ဒါပေမယ့်ဒီဇင်ဘာလပါပဲ
ဒီလဒီရာသီမှာပဲကျွန်မအတွက်ကတော့အမှတ်ရနေစရာတွေကိုသူကထားခဲ့တာပေါ့
ဒီဇင်ဘာလမှာသူ့ရဲ့မွေးနေ့လည်းရှိနေတယ်လေ။
ဒါပေမယ့်မွေးနေ့အမှတ်တရလေးတောင်ပြောခွင့်မကြုံခဲ့ပါဘူး။
ဒီနှစ်လည်းဒီလိုပါပဲရုတ်တရက်ပေါ်လာပြီးပျောက်သွားခဲ့ပြန်တော့
ဘယ်လိုမှအခွင့်အရေးမပေးခဲ့ပြန်ဘူးသူပြောခဲ့သလိုပဲလေ
ကျွန်မတို့ရဲ့ပြန်ဆုံနိုင်မယ့်ကံကိုယုံကြည်ရတော့မှာပေါ့...နော်

မချစ်ရ

2 comments:

Welcome said...

ဒီ
ဒီဇင်ဘာလလေးဟာ
နှစ်သက်တဲ့ အအေးဓာတ်တွေကိုလည်း
ဆောင်ကျဉ်းပေးတယ်
ရင်ထဲကအမှတ်ရတာတွေကိုလည်း
တအုံနွေးနွေးနဲ့ ဖြစ်စေတယ်
လူတိုင်းလူတိုင်းကိုလည်း
ဆောင်းညရဲ့ မေ့မရနိုင်တဲ့
အတိတ်ပုံရိပ်လေးတွေကို ပြန်အမှတ်ရစေတယ်

http://winzaw-mdy.blogspot.com

ဘလူးဖီးနစ် said...

ညီမလေးရေ ဒီဇင်ဘာမှာ ညီမလေး ပျော်ရွှင်ပါစေ။ ညီမလေး အဆင်ပြေပါစေဗျာ။