အမှန်အတိုင်းဝန်ခံရမည်ဆိုပါလျှင်ကျွန်ုပ်သည်စာရေးစာဖတ်သိပ်ပျင်းပါသည်
ဒီဘလော့လေးစတင်လုပ်ထဲကစာလေးတွေနည်းနည်းစီဖတ်တတ်ရေးတတ်
လာခဲ့တော့တယ်။ခုနောက်ပိုင်းတော့ဘလော့တကာလျှောက်လည်လို့
စာတွေဖတ်တတ်နေပါပြီ။ဒါပေမယ့်လည်းအရင်ကတည်းက
စာရေးစာဖတ်နေကျသူတွေလောက်တော့မကျွမ်းကျင်နိုင်သေးပါဘူး။
တချို့စာတွေဆို ရင်အဓိပ္ပာယ်သိပ်နားမလည်ပါဘူး။
ဘလော့စစချင်းလုပ်ခါစကဘုရားအကြောင်းလေးတွေရှာကြံတင်ခဲ့ပါတယ်
အခုသီတင်းကျွတ်လပြည့်နေ့တွေမှာလည်းအဟောင်းပို့စ်လေးတွေကို
ကုသိုလ်ဖြစ်ပြန်လည်တင်ပေးခဲ့ပါတယ်။(ကျွန်မလို)စာဖတ်ပျင်းတဲ့သူတွေနဲ့
စာအရှည်ကြီးကိုအချိန်ပေးမဖတ်နိုင်သူတွေအတွက်ဒီလိုဘုရားစာနဲ့
ပတ်သတ်တာလေးတွေကိုသိသလောက်အတိုလေးချုံးပြီးတင်ပြပေးခဲ့တာပါ
ကွန်မန့်မှာရေးသွားခဲ့တဲ့စာများကြောင့်အကျိုးရှိသွားကြတယ်ဆိုရင်ပဲ
အရမ်းကိုကျေးဇူးတင်ဝမ်းသာမိပါတယ်လို့...............
PS..ကွန်မန့်ပေးသည်ဖြစ်စေ၊မပေးသည်ဖြစ်စေ ကိုယ်ရေးခဲ့တဲ့စာအတွက် အနည်းအများအကျိုးရှိကြတဲ့သူအားလုံးကိုဝမ်းသာပီတိဖြစ်မိပါတယ်။
မချစ်ရ
အရမ်းလွမ်းတာပဲ
1 month ago
9 comments:
ဟေ စာတိုတိုလေးပဲ ရေးထားတာ အားမရဘူး ဟိဟိ ဘိုင်တာ့တာ နော် ဂျစ်ရေ
အာာ မမရေ လုပ်ပြန်ပြီနော်...သားက မွေးနေ့ကျရင်
ကျေးဇူးတင်ကြောင်းရေးမလို့ပါဆို....ဟင့်..ရွှတ်..
ဘာသာရေးစာပေကို လိုက်စားတဲ့အခါ အနည်းဆုံးတော့ ငြိမ်းချမ်းမှုရမှာပဲလေ။
လာရောက်ဖတ်လို့ အားပေးသွားပါတယ်
ဆက်လက်အောင်မြင်ပါစေ.....
ဂနေ့ဘာမှလဲရေးဘူး....
များများဖတ်ပြီးများများရေးနိုင်ပါစေ....အားပေးနေပါတယ်
တော်သေးတာပေါ့ အပျင်းကြီးလို့ ခုပိုစ့်တက်လာသေးတယ်း) ဘာလိုပဲဖြစ်ဖြစ် လူသားတိုင်း တခုခု ရသွားရင် ကျေနပ်စရာပါ
လေးစားလျက်
တောင်ပေါ်သား
အေးဟ..
အတူတူပဲ..
ဒို့လည်း ပြင်းတာပဲ..
အဲလိုပြင်းရင် တစ်ခါတည်းကို ရေရောလိုက်တာ..
အဲ.. မှားကုန်ပြီး..
အခုတော့လည်း နည်းနည်း အပြင်းလေး ရော့လာပြီး
ကဲ.. သဘောတူလား..
သဘောတူရင်.. လာကွ..ဖျောင်း..ဖျောင်း..
ဟဲ..ဟဲ.. အိုကေ..
ဒီပို့စ်လေး တင်တာနဲ့ ဦးဆုံးလာဖတ်ဖြစ်ပါတယ် ။
ဘယ်သူမှ မန့်ထားတာတောင်မတွေ့ သေးဘူး ။
မှန်တာပြောရရင် ဘာရေးရမှန်းမသိလို့  ဘာမှ မရေးလိုက်ပဲ ပြန်ခဲ့တယ် ။
ခု နောက်တခါထပ်ဝင်လာကြည့်တယ် ။
စာလာဖတ်ကြတဲ့ မိတ်ဆွေတွေ ရေးထား မန့့် ထားတာတွေ တွေ့ ရတယ် ။
ဒီလိုဘဲပေါ့ ။ ကွန်မန့်လေးတခုက စာရေးသူ အတွက် အားဆေးဖြစ်ရသလို ၊ ကိုယ်ရေးထားတဲ့စာကလည်း ဖတ်တဲ့သူအတွက် ရင်ထဲ ၊ အသိထဲမှာ တခုခု ကျန်ခဲ့တယ်ဆိုရင် စာရေးတဲ့သူက ဝမ်းသာကြတာပါဘဲ ။
့မြန်မာလူမျိုးတွေ က အချင်းချင်း အားပေးကြတယ် ။ကူညီယိုင်းပင်းကြတယ် ။ မမြင်ရတဲ့ သံယောဇဉ်တွေ တဖြေးဖြေး ရစ်ပတ်လာကြတော့ ဒီစာလေးတွေ ဆက်ရေးရင်းနဲ့  ကိုယ်သိတာတွေ ဖလှယ်ကြတယ် ။အကြောင်းအရာတွေ အမျိုးမျိုး ရေးကြတယ် ၊ ရသစုံတယ် ။ ဒါတွေက ဒီ ဘလောဂ်လေးတွေ ဆက်ရေးစေတဲ့  တွန်းအားလေး တခုပါဘဲ ။
ဒီတော့ အကျိုးရှိစေတဲ့ စာတွေ ဆက်ဖတ် ဆက်ရေး နိုင်ပါစေ ။ ဘုရားစာ တရားစာမှ အကျိုးရှိစေမယ် ရယ်လို့ တော့ မဆိုလိုဘူးပေါ့နော် ။ ဟာသဆိုလည်း ပျော်စရာ ရသ တွေ ပေးနိုင်လို့  အကျိုးဖြစ်စေတာပါဘဲ ။
ဒီလို ရေးနိုင်အောင်လည်း စိတ်ရောကိုယ်ပါ ချမ်းမြေ့ နေနိုင်ပါစေ ။
(အင်း ...အိပ်မပျော်လို့ စိတ်ထဲ ရှိတာတွေ လျှောက်ရေးနေလိုက်တာ .. အော်ရီဂျင်နယ် ပို့ စ်က စာတွေ ထက်တောင် များသွားပြီလားမသိ ..
အမှန်အတိုင်းပြောရရင် ဒီ ခေါင်းစဉ် ကို ဖတ်မိလိုက် တဲ့အချိန် မှာ ကျေးဇူးတင် ဝမ်းမြောက်တယ် ဆိုတော့ ကာ .. သတင်းစာထဲ မှာကြော်ငြာလေ့ ရှိကြတဲ့  မင်္ဂလာ ဆောင်ဧည့်ခံပွဲ အပြီးမှာ၊ သတို့ သား သတို့ သမီး နဲ့  နှစ်ဖက်မိဘများ ဆို ပြီး ထဲ့တဲ့  ကြော်ငြာ သတင်းများလားလို့  ဇဝေဇဝါ ဖြစ်သွား သေးတယ် ။ ဟိဟိ )
ဘလောဂ်ရေးတာတွေကို မန့်တဲ့ အထဲ မှာ ဒီတခါ ဦးဆုံး အရှည်လျှားဆုံး လျှာရှည်မိသွားတယ် ....း))
Post a Comment