ဝဋ်မှာအမြဲ
ဝဋ်ဟူသည် သံသရာလည်ပတ်ခြင်း၊အကြောင်းပြီးအကျိုး
အကျိုးပြီးအကြောင်းဆက်စပ်ဖြစ်ပျက်ခြင်း၊မကောင်းမှု ပြုသည့်အတွက်သံသရာဘ၀ခရီး၌ဆိုးကျိုးတစ်စုံတစ်ရာကို
ခံစားရခြင်း စသောသဘောအဓိပ္ပာယ်ဖြစ်ပါသည်။
ဝဋ် ခေါ် မကောင်းကျိုးကို မြတ်စွာဘုရားသည်ပင်ရှောင်လွှဲ၍မရနိုင်ခြေ။
ဂေါတမမြတ်စွာဘုရား၏၀ဋ်တော်
လွန်လေပြီးသောအခါက ဂေါတမ မြတ်စွာဘုရားအလောင်းတော်သည်
သူကြွယ်မျိုး၌ဖြစ်၏။ဖခင်တူညီငယ်နှင့်စည်းစိမ်ဥစ္စာကိုအကြောင်းပြုပြီး
ခိုက်ရန်ဖြစ်ရာညီငယ်ကိုလိမ်လည်လှည့်ဖျားခေါ်ပြီးတောင်ချောက်ကြား၌
ကျောက်ဖြင့်ထုခတ်သတ်လေ၏။ဤမကောင်းမှုအကုသိုလ်ကြောင့်
ငရဲ၌ခံရရုံမျှမကနောက်ဆုံးဘုရားဖြစ်သောဘ၀၌ပင်အရှင်ဒေ၀ဒတ်၏
ဝေဘာရတောင်စောင်း၌ကျောက်မောင်းဆင်လုပ်ကြံခြင်းကိုခံခဲ့ရလေသည်။
တောင်ထိပ်မှကျောက်တုံးကြီးလိမ့်လာသောအခါဘုရားရှင်၏ဘုန်းတော်ကြောင့်
လမ်းခုလတ်မှကျောက်တုံးတတုံးကဆီးကြိုခံလင့်၏။
ထိုကျောက်တုံးခြင်းထိခတ်စဉ်ကျောက်လွှာတစ်ခုပဲ့စင်ထွက်၍
ဘုရားရှင်၏ခြေမတော်ကိုထိခိုက်ပြီးဆင်းရဲဒုက္ခများစွာခံစားရလေသည်။
ထိုကျောက်ထိခတ်မှုနှင့်ဆက်စပ်၍နောက်ထပ်ရှေးဘ၀အကြောင်းကံတခုရှိသေး၏။
ဘ၀တစ်ခု၌ဘုရားအလောင်းသည်ကလေးငယ်သဘာဝကစားနေစဉ်
အရှင်ပစ္စေကဗုဒ္ဓါတစ်ပါးဆွမ်းခံဝင်လာ၏ကလေးငယ်သည်ပျော်ရွှင်လိုသဖြင့်
အရှင်ပစ္စေကဗုဒ္ဓ၏ခြေမတော်ကိုကျောက်ဖြင့်ပစ်ခတ်၏
ခြေမတော်ကိုထိသဖြင့်အလွန်နာကျင်သောဝေဒနာကိုခံစားရ၏
ထိုမကောင်းမှုဒဏ်ကြောင့် ခြေမတော်ကိုကျောက်ထိရုံမျှသာမဟုတ်
သွေးစိမ်းတည်သည်အထိဒဏ်ရာအနာတရဖြစ်ပြီးဆင်းရဲဝေဒနာကို
ကြာရှည်စွာခံစားရလေသည်။
ထိုကျောက်ထိမှုနှင့်ဆက်စပ်၍နောက်ထပ်ရှေးဘ၀အကုသိုလ်ကံအကြောင်း
တစ်မျိုးလည်းရှိနေသေးသည်။
ဂေါတမဘုရားအလောင်းတော်သည်ပဒေသရာဇ်မင်းဖြစ်ခဲ့ဖူး၏
ထိုဘ၀တွင်လူယုတ်မာနှင့်ပေါင်းမိပြီးသောက်စားမူးယစ်အပြစ်မရှိသူအား
ဓါးဖြင့်ခွဲစိတ်ခဲ့ဖူးလေသည်။ထိုအကုသိုလ်ကံကြောင့်ငရဲ၌ခံရပြီးနောက်
ဘုရားရှင်ဖြစ်တော်မူလာသောဘ၀မှာပင်ခြေတော်ကိုကျောက်ထိရုံ
သွေးစိမ်းတည်ရုံနှင့်မပြီးသေးဆေးဆရာဇီဝက၏ဓါးဖြင့်ခွဲ၍
ခြေမ၌တည်နေသောသွေးခဲကိုထုတ်ယူကုသမှုအတွက်
ပြင်းစွာသောဝေဒနာကိုခံစားရလေသည်။
အရှင်မောဂ္ဂလာန်၏၀ဋ်တော်
တစ်ခုသောဘ၀၌မယား၏အလိုဆန္ဒအရိဘနှစ်ပါးကိုတောသို့ ထုတ်ပြီး
သူခိုးဓါးပြအယောင်ဆောင်ကာရိုက်ခဲ့ဖူး၏ထိုအကုသိုလ်ကံကြောင့်သေလျှင်
ငရဲသို့ကျခဲ့၏။နောက်ဆုံးအရှင်မောဂ္ဂလန်ဘ၀၌တန်ခိုးအရာမှာဧတဒဂ်ရပါလျှက်
ခိုးသူတို့၏ရိုက်နှက်မှုကိုခံရပြီးပရိနိဗ္ဗာန်စံခဲ့ရလေသည်။
ပြုခဲ့မိသောအကုသိုလ်ကံကြောင့်ငရဲကျရောက်ရုံမျှမပြီးသေးအခွင့်သင့်သောဘ၀မှာ
ဝဋ်ဆင်းရဲဒုက္ခကိုဆက်လက်ခံစားရသေးသည်။
မခံစားရအောင်မည်သူမျှမရှောင်လွဲနိုင်ကြချေ။
ငရဲမှာအပ
အဂုင်္လိမာလကိုကားလူတိုင်းသိကြမှာပါ လက်ညှိုးပေါင်းတစ်ထောင်ပြည့်အောင်
ဖြတ်မည်ဟုတစ်ချောင်းသာလိုတော့သည့်နေ့တွင်မြတ်စွာဘုရားက
ကယ်ချွတ်တော်မူသဖြင့်အကျွတ်တရားရလေသည်။ရဟန္တာ ဖြစ်တော်မူပြီးပြုခဲ့မိသောအကုသိုလ်ကံကြောင့်ငရဲသို့မလားရောက်ပေ။
ရဟန္တာဖြစ်သည်အထိတရားဓမ္မကိုနာယူကျင့်ကြံသောကုသိုလ်ကံဖြင့်
ငရဲကို အပ ပြု လိုက်ခြင်းဖြစ်ပေသည်။
PS.. ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်မှကောက်နှုတ်ထားပါသည်။
(သီတင်းကျွတ်လဆန်း၁ရက်နေ့အမှတ်တရ)
မချစ်ရ
အရမ်းလွမ်းတာပဲ
1 month ago
10 comments:
ကိုယ်ပြုသမျှ ကိုယ်ပြန်ခံ ကြရတာ ဝဋ်။
ကိုယ်စိုက်ခဲ့တဲ့ အပြစ် အပင်လည်း က်ုယ်ပြန်ရိတ်ကြရတာ
ပြုခဲ့တဲ့ အပြစ်အတွက် ငရဲု ပြန်ခံရတာ ဘုရားတောင်ရှောင်မလွတ်ဖူးဆိုတော့ ။
အမလေး .. မသိမသာလုပ်မိတဲ့  အပြစ်ရော .
သိသိကြီးနဲ့ လုပ်မိတဲ့  အပြစ်တွေ အတွက်ဘယ်လိုပြေနိုင်ပါ့မလည်း လို့ ...
ကိုယ့်အလှည့်ကျ ဒီထက်ဆိုးတာတွေနဲ့ ဖြေရတော့မှာ သေချာပြီပေါ့...ကျောက်တုံးက ခြေမတင်ပိမှာမဟုတ်...
သေပြီပေါ့..
အနှစ်သာရရှိတဲ့ ပို့စ်လေးကို လာဖတ်သွားပါတယ်နော့်။ ကိုယ်လုပ်လိုက်တဲ့ ကောင်းမှု၊ မကောင်းမှု ကုသိုလ်အကုသလိုလ် နှစ်ခုစလုံးဟာ ဘယ်တော့မှ ပျောက်ပျက်မသွားပဲ ကိုယ့်နောက်မှာ ၀ဋ် အဖြစ်နဲ့ အရိပ်လို တကောက်ကောက် လိုက်နေတာ လူမပြောနဲ့ ဘုရား ရဟန္တာတောင်တောင် ရှောင်လွဲလို့ မရပါဘူး။ သံဝေဂရစရာတွေပါ။
မချစ်ရ ရေ.. သာဓုတော် အခုလိုတွေ များများရေးစမ်းပါ... ကိုယ့်ဟာကိုယ်ဆို ရှာမဖတ်နိုင်ဘူး... ကျေးဇူးတင်တယ်သိလား
ညီမလေးရေ...လူအများ မေ့နေကြတာကို ဒီလို အသိပေးမှ သတိရလာကြမယ်လေ... ဟုတ်တယ်နော်......
လာလည်သွားတယ် ဂျစ်မ :P
အမကိကိကတော့လုပ်ပြီဟေ့
သေချာမဖတ်ဘူးထင်တယ်
ငရဲကလွတ်တယ်ဘုရားဖြစ်ရင်
ဝဋ်ကမလွတ်တာ... :(
ကိုယ်တိုင်လည်းစာဖတ်ပျင်းတော့
လာတဲ့သူတွေလည်းအရှည်ကြီး
ဖတ်ရရင်ပျင်းမှာစိုးလို့
တိုတိုနဲ့လိုရင်းလေးရွေးရေးပေးထားတာပါ
သူများတွေအတွက်အကျိုးရှိတယ်ဆိုလို့
ဝမ်းသာပါတယ်
ကိုယ့်အတွက်လည်းအကျိုးရှိတဲ့စာလေးပါ
လူဟာ တကယ် သံသရာမှာ လည်ပတ်ရတာလားဗျ ....
ဘယ်တော့မှ ရပ်မှာလဲ နော်။လည်ပတ်နေရမယ်ဆိုရင် တွေ့နေကြရမှာက သေချာမှာပဲ။မလည်သေးတဲ့ ဘဝတစ်ခုအတွင်းမှာတောင် အမျိုးမျိုး မရိုးနိုင်အောင် တွေ့နေကြရတာ။ကဲ မချစ်ရရေ အဲဒါ ပို့စ်ဖတ်ပြီးရတဲ့အတွေးပဲဗျ။
ရွှေလမ်းငွေလမ်းဝင်းကြည်
နာမည်က မချစ်ရ ဆိုပေမဲ့ စာပေတွေကတော့ချစ်စရာ အနှစ်ပါ ပါပေတယ် ကလေးရယ်။အာပေးနေလျှက်ပါနော်။
ရွှေလမ်းငွေလမ်းဝင်းကြည်
ဒိဋ္ဌေဒိဋ္ဌမတ္တံ ဆိုလို့ လန့်မသွားပါနဲ့ကွယ်..။ဆက်ဖတ်ပါ။စကားပြေတွေပါ။နာလည်သွားပါလိမ့်မည်။ ဦးလည်း အစက တွန့်ခဲ့တာပဲ။ ယခုတော့ စိတ်ရှုပ်ရင် ဒီစာအုပ်ကို အဖေါ်ပြုလိုက်တာပဲကွယ်။ အသိထူးရနိုင်ပါစေကွယ်။
လာရောက်ဖတ်ရှုသွားပါတယ် ..
မသိဘဲ လုပ်မိတဲ့ အပြစ်တွေရော
သိသိရက်နဲ့ လုပ်မိတဲ့ အပြစ်တွေရော
ပေါင်းလိုက်တော့ တွေးကြောက်မိသွားပါတယ် ...
တစ်ခါ တစ်ခါ မယ်သီတောင် ၀တ်ချင်စိတ်ပေါက်တယ် ..
:)
*မိုးထက်အိမ်နဲ့ တူတူပဲနော် ..
Post a Comment