(၁) အလှူ ဒါနပြုလျှင် ကောင်းကျိုးကိုခံစားရ၏ဟုယုံကြည်ခြင်း
(၂)ပူဇော်မှု၏အကျိုးရှိကြောင်းယုံကြည်ခြင်း
(၃)လက်ဆောင်ပေးကမ်းပူဇော်မှု၏ အကျိုးရှိကြောင်းယုံကြည်ခြင်း
(၄)ကုသိုလ်ကံ၊အကုသိုလ်ကံတို့၏ကောင်းကျိုးဆိုးကျိုး၊
အကျိုးရင်း၊အကျိုးဆက်ရှိကြောင်းယုံကြည်ခြင်း
(၅)မိခင်အပေါ်ပြုစုလုပ်ကျွေးခြင်း၏ကောင်းကျိုး နှင့်
ပြစ်မှားခြင်း၏ဆိုးကျိုးရှိကြောင်းယုံကြည်ခြင်း
(၆)ဖခင်အပေါ်ပြုစုလုပ်ကျွေးခြင်း၏ကောင်းကျိုးနှင့်
ပြစ်မှားခြင်း၏ဆိုးကျိုးရှိကြောင်းယုံကြည်ခြင်း
(၇)လူတို့မမြင်နိုင်သည့်ငရဲ၊ပြိတ္တာ၊နတ်၊သိကြား၊ဗြဟ္မာ
ဟူသောသတ္တ၀ါတို့ရှိကြောင်းယုံကြည်ခြင်း
(၈)ဤမျက်မှောက်လောကရှိကြောင်းယုံကြည်ခြင်း
(၉)သေပြီးနောက်ဘ၀တမလွန်လောကရှိကြောင်းယုံကြည်ခြင်း
(၁၀)ဤလောက၌ငြိမ်သက်ကောင်းမွန်စွာကျင့်ကြသော
သမဏ ဗြာဟ္မဏတို့ရှိကြကြောင်း
(ယင်းတို့ကဤလောကတမလွန်လောကကိုကိုယ်တိုင်သိမြင်၍
လူများကိုပြန်လည်ဟောပြကြောင်းယုံကြည်ခြင်း)
ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် ဖော်ပြပါ ရတနာသုံးတန် ကံ ကံ၏အကျိုး စသောအချက်တို့ကိုသံသယကင်းစွာယုံကြည်ကြရမည်ဖြစ်ပါသည်။
PS..ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်မှကောက်နှုတ်ထားပါသည်
(ဥပုသ်နေ့အမှတ်တရ)
မချစ်ရ
အရမ်းလွမ်းတာပဲ
1 month ago
7 comments:
သာဓု.. သာဓု ..သာဓု ၊
ကံ ကံ၏ အကျိုးများ ကိုယုံကြည်ပါတယ် ။
အလုပ်ကောင်းမှ ကံကောင်းမယ် ။
မမှတ်တတ် မှတ်တတ်နဲ့ မှတ်သားသွားပါတယ် ။
(၇)လူတို့မမြင်နိုင်သည့်ငရဲ၊ပြိတ္တာ၊နတ်၊သိကြား၊ဗြဟ္မာ
ဟူသော သတ္တ၀ါတို့ရှိကြောင်းယုံကြည်ခြင်း။
နတ် .သကြား . ဗြဟ္မာ တွေကိုလည်း သတ္တဝါ လို့ ခေါ်ဆိုလို့ ရပါသလား။
(ဥပုသ်တော့ မစောင့်ဖြစ်ပါ ။ ဥပုသ်စောင့်ရင် အွန်လိုင်းဝင်တာ အပြစ် ဖြစ် မဖြစ် ရေးပေးပါအုံး...း)
အငြင်းပွားနေကြလို့ သေချာမသိပါ ။တကယ်ပြောတာပါ ။
စာတွေများများ ရေးနိုင်ပါစေ ။
ကျေးဇူးတင်ပါတယ်ဗျာ.
အခုလိုသိရလို့ပါ..
အခုတော့ သဘောပေါက်သွားပြီ..
သူများတွေကိုလည်း ပြောပြလို့ရသွားပြီ..
ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
စည်သူ။
သြော် ဒီလိုဆိုတော့လည်း မဆိုးသေးပါလား...
ဗုဒ္ဓဘာသာဝင် ကွာလဖိုင်းတော့ ဖြစ်သေးတာပဲ... တော်သေးတာပေါ့...
အင်း အဲ့ဒီလို သမ္မာဒိဌိ ရှိခြင်းရဲ့ အကျိုးကရော ဘာတဲ့လဲဟင် မချစ်ရ...
ကျွန်တော် မသိသေးဘူးဗျ။ ခုလို တင်ပြတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော် အလွတ်ကျက်ရဦးမယ်။
(သာဓု... သာဓု.... သာဓု....
အမျှ.. အမျှ... အမျှ....)၃
လူဂျီးသူမ ဆိုတော့ အဲလို လဲ တခါတလေ ရှိမလားလို့ပါ.... :))
ဂျစ်ရေ ကောင်လေး ပြောတော့ ဂျစ်နေမကောင်းဘူးဆို ဒါနဲ့ မေးလ် လဲ မသိတာနဲ့မမေးဖြစ်ဘူးကွယ် အခုကော နေကောင်းသွားပြီလား စာလေးဖတ်ရတာ အင်မတန် အကျိုးရှိပါတယ် ကွယ်
ဘိုင် တာ့တာ
စိမ်းမေးထားတာက
အချက်၁၀ချက်အောက်ဆုံးမှာ
အရောင်ရင့်လေးနဲ့ရေးထားတဲ့
စာမှာအဖြေပါပြီးသွားပါပြီ
အချက်၁၀ချက်ကိုယုံကြည်ခြင်းက
မှန်ကန်သောယုံကြည်ချက်ဖြစ်၍
သံသယကင်းစွာယုံကြည်ရမည်..
ဟုဆိုထားပါတယ်။ဗုဒ္ဓဘာသာဝင်ဆိုလျှင်
အကျိုးအမြတ်ကိုသိလို့ယုံကြည်ရမှာ
မဟုတ်သလိုအကျိုးအမြတ်ကိုလည်း
မျှော်ကိုးပြီးယုံကြည်ရမှာမဟုတ်ပါဘူး
စိမ်းရေကျေနပ်နိုင်ပါစေ..နော်
Post a Comment