အချစ် ...
မင်းဟာ ...
တွယ်ရာမဲ့လေဟာပြင်မှာ
ဝေဟင် ကိုလှိုင်းစီးရင်း
ပျော်ရွှင် မြူးတူးနေတဲ့
ဖြူစင်စင် ဂေါက်သီး တစ်လုံး ...
အချစ် ...
ငါကတော့ ...
ထိန်းချုပ်မှုတွေ အောက်မှာ
မင်းပြေးရာ နောက်
မလိုက်နိုင်တဲ့
ဂေါက်တံ အဖြစ်နဲ့ပေါ့ ...
ဘယ်လိုဖြစ်ဖြစ်ပါ
" ဂေါက် " အဘိဓာန်မှာ
ဂေါက်သီး နဲ့ ဂေါက်တံ မရှိဘဲနဲ့တော့
ဂေါက်ကွင်း တော့သွားမရတာသေချာတယ် ...
သေချာတာတစ်ခုကတော့
ဘယ်လူမှ မရိုက်ခင်အထိတော့
မင်းပါးလေးကို ငါဖွဖွနမ်းထားမယ်
တကယ်လို့ ...
ရိုက်ချက်ပြင်းပြင်းတွေကြောင့်
အဝေးရောက်ခဲ့တောင်
တစ်နေ့တော့
အဲနေရာကို
ဂေါက်တံလေး အရောက်လာခဲ့မယ်
ဂေါက်သီလေး ရေ .....။.....။
မချစ်ရအတွက်အမှတ်တရ :)
6.9.2009
ရေးသူ..ဂေါက်တောက်တောက်ကောင်လေးတစ်ယောက် :P
အရမ်းလွမ်းတာပဲ
1 month ago
11 comments:
ဂေါက် အော်ပရေး ရှင်းက မပြီးတော.ဘူးလား
ဂေါက် ဂေါက်နိုင်လွန်းတယ်ဗျာ ... :P ...
ချိတ်နစိုးနဲ. စတာပါ :D
ဂေါက်တာဘယ်သူလည်းသိရင်ပြီးတာပဲ
....... :P ..........
ဒီတယောက်လည်း အားကျမခံ အပြန်အလှန် ဆော်ထားပါလား။ ဒီလိုနဲ့ပဲ သံယောဇဉ်တွေ ပိုခိုင်မြဲသွားတတ်ကြတာပဲလေ။ ကောင်းပါတယ်။ အခုကတည်းက စထားကြပါ။ နောက်ဆို ဘ၀ထဲရောက်သွားရင် အဲလိုစဖို့ အချိန်မရတော့ဘူး။
တို့လဲ ဂေါက်အဖွဲ့သားတွေပေါ့ဟယ်... ဟိဟိ
ဖတ်ရင်းနဲ့ ဂေါက်သွားရင် ဆေးဖိုး တာဝန်ယူပေးပါရန်:)
အဲလိုရေးထားတော့လည်း ဂေါက်သီးနဲ့ ဂေါက်တံရဲ့ ဆက်သွယ်မှုကို သိရတော့တယ်
အင် ဘာတွေလဲဟင် နားလည်တော့ဘူး မမီဘူးရော ဂျစ်ရော မမီဘူးကွယ် တက္ကစီနဲ့လိုက်မယ် ဟိုးထား တက္ကစီရေ ခိခိ
အဆင်ပြေလား ဂျစ် နေကောင်းတယ်ဟုတ် ဘိုင်တာ့တာ ကိုယ်မလာဖြစ်တာ ခွင့်လွှတ်(မသိရင် ဘာလိုလိုညာလိုလိုဖြစ်အောင် ဟဟဟ)
ညီမငေးရေ... ဒုစရိုက် ၁၀ပါး... ဘယ်မှာလဲဟင်... တွေ့လိုက်ပါတယ်....
ဟွန့်နောက်နေတယ်... သူတော်တော်ဆိုး...
အဲဗျာ ဂေါက်သီးကဒီရောက်နေတာကိုး ပျောက်လို့လိုက်ရှာနေတာ..ဟီး
စီဘောက်မတွေ့လို့ ဒီကအော်သွားတာ လာလည်တဲ့အတွက်ကျေးဇူးပါဘဲဗျာ
:) ... အပြန်အလှန် ခွပ်ထားကြပါ့လား... ဖတ်ရတာ ကြည်နူးဖို့ ကောင်းပါတယ်...
ဟဟဟ တစ်ကယ်ဂေါက်အော်ပရေးရှင်းပဲ ။ ဘူလေးလည်း သူလေးကဘူလေးလည်း အဲလေ မှားလို့ ဘူကြီးလည်းပေါ့နော်း)
(အရူးလေး)
Post a Comment