ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေဖြင့်ဗုဒ္ဓဘုရားရှင်နှင့်သူတော်စင်တို့ 
မနှစ်သက်အပ်၊ပယ်အပ်သောဒုစရိုက်(၁၀)ပါးတရားများကိုသိသင့်ပါသည်။
ကာယဒုစရိုက် ကာယကံ(၃)ပါး
(၁)သူတစ်ပါးအသက်ကိုသတ်ခြင်း
(၂)ပိုင်ရှင်သည်ကိုယ်နှုတ်တို့ ဖြင့်မပေးအပ်သော သူတစ်ပါးဥစ္စာကိုခိုးယူခြင်း
(၃)ကာမဂုဏ်တို့၌မှားယွင်းစွာဖောက်ပြန်ကျူးလွန်ခြင်း
ဝစီဒုစရိုက် ၀စီကံ(၄)ပါး
(၁)မဟုတ်မမှန်သောအရာကိုဟုတ်မှန်သည့်အနေဖြင့်လိမ်ညာပြောဆိုခြင်း
(၂)ချောပစ်ကုန်းတိုက်ခြင်း၊ ချစ်သူနှစ်ဦး ကွဲသွားအောင် (သို့)
မိမိအားချစ်ခင်လာအောင်ချစ်သူနှစ်ဦးကိုရန်တိုက်ပေးခြင်း
သူတစ်ပါးစိတ်ဝမ်းကွဲအောင်ပြောဆိုခြင်း
(၃)ကြမ်းကြမ်းတမ်းတမ်းဆဲရေးတိုင်းထွာပြောဆိုခြင်း
(၄)မိမိ သူတစ်ပါးနှစ်ဦးသား လုံးဝအကျိုးမရှိသောစကားပြောဆိုခြင်း
မနောဒုစရိုက် မနောကံ(၃)ပါး
(၁)သူများစည်းစိမ်ဥစ္စာချမ်းသာကြွယ်ဝနေသည်ကိုမြင်သောအခါ
ထိုစည်းစိမ်ချမ်းသာများသည်ငါ၏ဥစ္စာဖြစ်လာပါမူကောင်းလေစွဟု
သူတစ်ပါး၏စည်းစိမ်အပေါ် မကောင်းကြံစည်ခြင်း
(၂)သူတစ်ပါးပျက်စီးစေလိုသည့် စိတ်ဖြစ်ပေါ်ခြင်း
(၃)လှူခြင်းသည်အကျိုးမရှိ၊ မလှူခြင်းသည်အပြစ်မရှိ
စသည်ဖြင့်ဖောက်ပြန်မှားယွင်းစွာယူခြင်းဖြစ်သည်။
PS... ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်မှကောက်နှုတ်ချက်ဖြစ်သည်။
( ဥပုသ်နေ့ အမှတ်တရ)
မချစ်ရ
အရမ်းလွမ်းတာပဲ
1 month ago
4 comments:
ဟုတ် မှတ်သွားတယ် ဂျစ်ရေ
ဆော်တီး ဂျစ်ရေ လင့်ခ် ထားပြီးသားမှတ်တယ် လူကလဲ အဲလို ကြောင်တောင်တောင် ဂေါက်တောက်တောက် ရူးတူးတူးရယ် သိလား ဟိဟိ ဘာကျန်သေးလဲမသိဘူး အခုမှ လင့်ခ် လိုက်တယ် သိရား ချိတ်ချိုးနဲ့ အာဘွားးးးးးး ဂျစ်ရေ ခိခိ
ကာယ၊ဝစီ၊မနော ဒုစရိုက်တွေကိုဖတ်မှတ်သွားပါတယ် သုစရိုက်ဖြစ်အောင်လည်းလေ့ကျင့်ပါမယ်လေ
c boxရှာမတွေ့လို့ဒီမှာအော်ခဲ့တယ်
ကျနော်လည်းပြန်လင့်လိုက်ကြောင်းပါခင်ဗျာ
ခွင့်ပြုတယ်ဟုတ် :P
ရွှေလမ်းငွေလမ်းဝင်းကြည်
ကောင်းသောစကား တရာများအား နာကြားရ၍ အထူးလေးစား ကျေးဇူးတင်ပါတယ်ကွယ်။
Post a Comment