CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Monday, December 28, 2009

တမ်းတမိတဲ့အကို

anime couple Pictures, Images and Photos


နှစ်တွေဘယ်လောက်ကြာကြာ
နေရာဘယ်လောက်ဝေးဝေး
တနေရာမှာရှိတယ်ဆိုတဲ့အသိနဲ့
စိတ်အားငယ်နေချိန်မှာသတိရတာ
အကို့ကိုပါ....
အကိုမချစ်တဲ့သူ၊အကိုပစ်တဲ့သူ
ဖြစ်ပေမယ့်နစ်နာစေမယ့်
စကား၁ခွန်းမဆိုပဲ
စာနာစွာနဲ့ညီမလေးတစ်ယောက်လို
ခင်မင်ပေးတဲ့အကို့ကို
ဒီညီမအနေနဲ့
အကိုနဲ့အဝေးဆုံးမှာရှိနေလည်း
အကို့ဆီကဘာတစ်ခုမှမရရှိပေမယ့်
ကျေနပ်နေဦးမှာပါ......

(ပထမဦးဆုံးအွန်လိုင်းမှာစသိခဲ့ရတဲ့အဝေးရောက်အကိုမွေးနေ့သို့...)

ချစ်ရ

Sunday, December 27, 2009

မေတ္တာစစ်

mother's hugs Pictures, Images and Photos
အေးမြတဲ့အမေရဲ့ချစ်ခြင်းမေတ္တာရိပ်
အောက်မှာနေခွင့်ရတဲ့သမီးမိုက်က
ပူလောင်တဲ့ချစ်ခြင်းမေတ္တာကို
ရှာဖွေနေမိတယ်အမေ
နောက်ဆုံးတော့လည်း
ပူပြီးလောင်ကျွမ်းခြင်းခံရတဲ့
သမီးကအမေ့ရဲ့အေးမြတဲ့
ရင်ခွင်ထဲတိုးလို့ငိုရင်း
မေတ္တာစစ်ကိုရှာနေမိတော့တယ်

မချစ်ရ

Friday, December 25, 2009

ပျော်ရွှင်စရာ ခရစ္စမတ်မှာ




ဒီနှစ်တော့ခရစ္စမတ်ဆိုတာကြီးကိုခါတိုင်းသူငယ်ချင်းတွေနဲ့စတိတ်ရှိုးသွား
အပြင်မှာအကင်စားကြသလိုပျော်ရွှင်စွာဆင်နွှဲနိုင်ပါတော့မလားမသိဘူး။
ဘာလို့လည်းဆိုတော့ခရီးထွက်စရာရှိနေလို့လေခရီးဆိုတာကလည်းအမတွေနဲ့
အပျော်သွားကြတာပါပဲ။ခက်တာကကျွန်မကလည်းသူငယ်ချင်းကိုပိုခုန်မင်တော့
သူငယ်ချင်းနဲ့သွားလာရတာကိုပဲပျော်စရာလို့ထင်နေတာလေ။
အားလုံးပဲခရစ္စမတ်ညလေးကိုပျော်ရွှင်စွာဆင်နွှဲနိုင်ကြပါစေနော်.....
မချစ်ရကိုလည်းပြန်ဆုတောင်းပေးကြနော် ပျော်ရွှင်နိုင်အောင်လို့ (ဟိ)
မချစ်ရ

Tuesday, December 22, 2009

ကူးယူခြင်း

မင်းနှလုံးသားမှာ error တက်ရင်

တို့ကိုနောက်တစ်ကြိမ် refresh လုပ်ခွင့်ပေးပါချစ်သူ.....

အကျင့် proxy change မှကျေနပ်မယ်ဆိုချိန်းပေးပါမယ်..

ချစ်တယ်ဆိုတဲ့ connection လေးတော့ပြန်တက်ပေးပါနော်

မင်းကြောင့်တို့ဘ၀ failed to connected ဖြစ်ခဲ့ရတာ

အကြိမ်ကြိမ်အခါခါပါ....မင်းနှလုံးသားမှာ

တို့ကထာဝရ access has been denied ဖြစ်နေမှာလား

တို့ကို freedom ကျော်ပြီးပြန်ဝင်ခွင့်ပေးပါနော်..

ကောင်ကလေးရေ.....

ကိုယ်သာ google home page ဖြစ်ခဲ့ရင်

မင်းကိုချစ်တယ်လို့ logo change ပစ်မှာsure ပေါ့


PS..zorpia ဆိုဒ်မှအကိုတစ်ယောက်ပေးပို့ထားတာကိုကူးယူထားခြင်းပါ။
ကောင်မလေးနေရာမှာကောင်ကလေးဟုပြောင်းလဲထားပါသည်။


မချစ်ရ

Sunday, December 20, 2009

အပေါ်ယံအရေခွံ

snowwhite Pictures, Images and Photos

ဒီနေ့ဈေးထဲက၀ယ်လာခဲ့တဲ့ဘဲဥ၂လုံးအကြောင်းပြောပြမယ်
အိမ်ပြန်ရောက်တာနဲ့ဆူးပုတ်ရွက်လေးနဲ့ကြော်မယ်ပေါ့
၂လုံးထဲကမှအလုံးကြီးကြီးလှလှလေးတစ်လုံးကိုရွေးယူလိုက်တယ်
၁လုံးပဲသုံးမယ်ဆိုပြီး........ခွဲလိုက်တော့.......အားးးးပါးပါးးး
နံစော်ပြီးပုတ်နေတဲ့ဘဲဥဖြစ်နေပါလေရော......
ဒါနဲ့နောက်အသေး၁လုံးကိုခွဲတော့မှကောင်းနေတယ်လေ
ဘဲဥရဲ့အပြင်ကပုံကတော့လှပါရဲ့အတွင်းပိုင်းကပုတ်ပွနေတာ
ဘယ်သိပါ့မလဲနော်ခွဲကြည့်မှသိမှာပေါ့...

ငယ်ငယ်တုန်းကလည်းသင်ဘူးထားမှာပေါ့
သိုးအရေခြုံတဲ့မြေခွေးအကြောင်းကိုလေ
အထွေအထူးပြောစရာမလိုတော့ပါဘူး

စနိုးဝှိုက်မင်းသမီးလေးပုံပြင်ဆိုလည်းလူတိုင်းသိပါတယ်
ပန်းသီးထဲကအဆိပ်ကိုမမြင်နိုင်ပါဘူး
ဒီပန်းသီးကိုစတင်ပြုလုပ်တဲ့သူကလည်းစုန်းမပါပဲ
စနိုးဝှိုက်ကတော့ကာတွန်းမို့လို့ပါ
အပြင်မှာတော့အဆိပ်ပန်းသီးကိုစားမိရင်သေမှာပါပဲ


ဒီလိုပါပဲလူတွေရဲ့အတွင်းစိတ်ဆိုတာလည်းမမြင်နိုင်ဘူးလေ
ဘယ်သူကကြိုသိနိုင်မလဲကောင်းသလားဆိုးသလားဆိုတာကို
နတ်မျက်စိမှမရှိတာနော်...(ဟားဟ..နတ်တောင်အစစ်ပါသွားပြီ)
.....လူအကြောင်းပေါင်းကြည့်မှသိတဲ့.....

တချို့တချို့သောလူတွေကလူတစ်ယောက်အကြောင်းသေချာမသိသေးပဲ အပေါ်ယံကြည့်ပြီးအတင်းပြောတတ်ကြတယ်အဲလူတွေကိုတော့အမုန်းဆုံးပါပဲ မုန်းတယ်ဆိုတာထက်သူတို့ကိုပိုအထင်မြင်သေးမိတယ်။ဘုန်းကြီးပြောသလိုပါပဲ သူများသားသမီးကိုစော်ကားရင်ကိုယ့်သားသမီးပြန်ခံရမယ်ဆိုတာ
ပါးစပ်နဲ့စော်ကားရင်လည်းပြန်ခံရမှာပါပဲ ရောင်ပြန်ဆိုတာဟပ်တတ်စမြဲပါ

ချိတ်ထမီလေးဝတ်၊ရင်ဖုန်းအကျီင်္လေးနဲ့သူများလင်သားတွေနဲ့ကာမေသုမိစ္ဆာစာရကံ ဖောက်ပြန်နေတဲ့သူတွေရှိသလိုခေတ်ရှေ့ပြေးနေအောင်ဝတ်ပြီးလည်း ဘယ်သူ့ကိုမှမစော်ကားတဲ့သူတွေရှိပါသေးတယ် ဒီခေတ်မှာအပြင်အရေခွံကာတွေကိုကြည့်ပြီးဝေဖန်ပစ်တင်လို့မရတော့ပါဘူး သူတပါးကိုဝေဖန်ချင်တယ်ဆိုရင်တော့သူ့ရဲ့အတွင်းစိတ်မှန်မှန်ကန်ကန်ကိုမသိပဲ ပစ်တင်ရှုံ့ချတာဟာရွံစရာကောင်းလှပါတယ်

တချို့မိုက်ရိုင်းတယ်ဆိုတဲ့လူတွေမှာလည်းအချိန်ပြည့်တော့ဘယ်ရိုင်းပြနိုင်မလဲ
တစ်ခုခုကိုအလိုမကျတာ၊မကျေနပ်တာရှိလာရင်တော့ဇာတိရုပ်အမှန်က
ထွက်ပေါ်လာတတ်ကြတာပါပဲအပေါင်းသင်းနည်းတဲ့လူတွေကျတော့လည်း
ရှိတာလေးကိုအကောင်းထင်တတ်ကြတာပေါ့ဒါကတော့သူတို့အပြစ်မဟုတ်ပါဘူး
သူတို့မှာသူငယ်ချင်းမိတ်ဆွေများများစားစားမရှိတော့လည်း
ကောင်းသလားဆိုးသလားကိုမစမ်းသပ်တတ်ဘူးလေ
နည်းမျိုးစုံနဲ့စမ်းသပ်ကြည့်ပါမိတ်ဆွေအစစ်မှန်ကိုအောင်မြင်စွာ
တွေ့ရှိလာပါလိမ့်မယ်။အဲဒီတော့မှပဲအပေါ်ယံအရေခွံလွှာတွေကွာကျပြီး
ဇာတိရုပ်အမှန်ပေါ်ထွက်လာပါလိမ့်မယ်
မဟုတ်ရင်တော့နော်အဆိပ်ပန်းသီးစားမိသွားမယ်

PS..အရင်အဟောင်းပို့စ်လေးကိုနည်းနည်းထပ်ဖြည့်ထားပါတယ်

မချစ်ရ

Friday, December 18, 2009

အထုံပါလာသူ...ကြူကြူ

( ကြူကြူ ပုံ)

သူမနာမည်ကကြူကြူတဲ့မောင်နှမတွေထဲမှာတော်တော်ချောလို့
ဥစ္စာစောင့်ကလာတယ်လို့ပြောဆိုကြတယ်လေ။သူမအဒေါ်သေသွားတော့
အဒေါ်ရဲ့ယောင်္ကျားနဲ့သဘောတူပေးစားလို့ယူလိုက်ကြတယ်

ဒါပေမယ့်နှစ်ယောက်လုံးကချစ်ကြပါတယ်။သူမမှာစိတ်ညစ်စရာဆိုလို့ဘာမှကိုမရှိပါဘူး
ယောင်္ကျားကလည်းတော်တော်ချစ်ပြီးတော်တော်လေးကိုဂရုစိုက်တာကိုး

ဒါပေမယ့်သူမကံဆိုးချင်တော့သူမအသက်၃၀ကျော်လောက်မှာ
အပျင်းဖျားပါလေရောဖျားတာကအကြောင်းမဟုတ်ပါဘူး ..........
အဲနေ့မှာသူမကရုပ်ရှင်ကြည့်ချင်တယ်လို့ယောင်္ကျားကိုပူစာတော့
သူမယောင်္ကျားကဖျားနေသေးလို့နောက်နေ့မှကြည့်ဖို့ပြောတာပေါ့.. အဲဒီမှာပဲ
သူမအိပ်ခန်းထဲဝင်သွားပြီးဘာမှမဖြစ်ပဲနဲ့ဘာအကြောင်းအရာတစုံတရာမှမရှိပဲ

ယင်းလိပ်ကြိုးနဲ့ဆွဲကြိုးချသေသွားတာကိုအံ့သြစွာတွေ့ရတော့တာပါပဲ
ယင်းလိပ်ကလည်းအောက်ပြုတ်ကျပြီးသူမကလည်းဆွဲကြိုးချသေသူတွေလို
တန်းလန်းဖြစ်မနေပဲအောက်ပြုတ်ကျသေနေပါတယ်။အမှန်ကတော့မသေနိုင်ပါဘူး
ကြိုးတန်းလန်းဖြစ်မနေတဲ့အတွက်ကြိုးရောလူရောပြုတ်ကျနေတဲ့အတွက်ပေါ့
ထူးဆန်းတာကအဲဒါတင်မဟုတ်ပါဘူးသူမအလောင်းထားရာရေခဲတိုက်မှာလည်း
သူမနဲ့ရုပ်ချင်းဆင်တူတဲ့အလောင်းတစ်လောင်းကိုတွေ့ရသေးတာပါပဲ

သူမရက်လည်နေ့မှာလည်းညနေလောက်မှာအိမ်ပေါ်ကနေခပ်ချောချော
ရုပ်ချင်းဆင်တူမိန်းမ၂ယောက်အတူတူအိမ်ပေါ်ကနေဆင်းသွားတာ
တွေ့လိုက်တယ်လို့အနီးနားရပ်ကွက်ထဲကလူတွေပြောကြသတဲ့လေ

မချစ်ရ

Wednesday, December 16, 2009

စိတ်ချမ်းမြေ့စရာအလှူ



ဗုဒ္ဓဟူးနေ့တိုင်းနံက်ဆိုခုလိုဘုန်းကြီးတွေတန်းစီပြီးလမ်းထိပ်မှာဆွမ်းခံကြွလေ့ရှိတယ်
ဒါပေမယ့် အိမ်မှာဘယ်သူမှသိပ်လုပ်နိုင်တဲ့လူမရှိကြလို့တစ်ခါမှဆွမ်းဟင်း၊ထမင်း
မကပ်ဖူးဘူးလို့အမေကပြောပါတယ်။ဟိုဘက်ဘေးအိမ်ကအဖွားတစ်ယောက်ကတော့
ဗုဒ္ဓဟူးနံက်တိုင်းဆွမ်းထမင်းသွားကပ်လေ့ရှိတယ်။
ဒါနဲ့သူနဲ့စကားစပ်ဆက်မိရာကစိတ်ပါလာတာနဲ့
ဝက်သား၊အာလူး၁ပိဿာစီကိုဆွမ်းဟင်းကပ်ဖြစ်ခဲ့လိုက်ပါတယ်။
ပျော်လည်းပျော်ဖို့ကောင်းတယ်မနက်စောစောမထတတ်တဲ့
ကျွန်မကမနက်၎နာရီထဆွမ်းဟင်းလောင်းရတာပျော်ပြီး
အဲနေ့ကတအိမ်လုံးအတွက်နံက်စာဝယ်ကျွေးလိုက်တယ်လေ
နောက်လည်းထပ်ကပ်ဖို့အစီစဉ်ရှိသွားတာပေါ့.........



မချစ်ရ