CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Tuesday, January 20, 2009

Happy Birthday to you



HAPPY BIRTHDAY TO YOU
မချစ်ရ ...
ဒီလမှာကျရောက်သော ပျော်ရွှင်ဖွယ်မွေးနေ့ မင်္ဂလာရက်မြတ်လေးမှ စတည်ြပီး
နောင် နှစ်ပေါင်းများစွာ .ပျော်ရွှင်မှု၊အေးချမ်းမှုတွေနဲ့ အတူု ဘ၀ကို တိုးတက်တည်ဆောက်နိုင်ပါစေ မိဘအပေါ်ကျေးဇူးသိတတ်သော ..မိဘအတွက် ဂုဏ်ယူရသော သမီးကောင်းရတနာလေးဖြစ်ပါစေ အေးချမ်းသောမိသားစု ဘ၀လေးကို လဲပိုင်ဆိုင်ပါစေ...
ညခင်းရဲ့လမင်း
ကို အထူး ကျေးဇူးတင်ရှိပါတယ်..



Sunday, January 11, 2009

"မင်္ဂလာဆုမွန်တောင်း"



ဒီနေ့ အကိုကြီးဒေါက်တာ အောင်ဝင်းထွဋ္ဋ် (bluephoenix)နှင့် အမ ကောင်းကောင်းလတ် တို့မင်္ဂလာဆောင်က ပုံလေးကိုအမှတ်တရတင်ပေးလိုက်ပါတယ်။အကိုကြီးနှင့်အမတို့သက်ဆုံးတိုင်အဆင်ပြေစွာပေါင်းသင်းနိုင်ပါစေလို့
ညီမငယ်လေးမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်...

Friday, January 9, 2009

"ချစ်သော ညီမငယ် "ငယ်လေး"အတွက်မွေးနေ့ဆုတောင်း"



မွေးနေ့မှသည်

နှစ်များစွာတိုင်

လိုအင်ဟူသမျှ

ပြည့်ဝပါစေ ……

သောကဟူသမျှ

ကင်းဝေးပါစေ …

ဆန္ဒ ဘဝ

ထပ်တူကျစေ …

မိဘသိတတ်

စိတ်ထားမြတ်သည့်

သမီးထူးလေးဖြစ်ပါစေ …

အများအကျိုး

နိုင်သလောက်ပိုး

လူတော်မလေးဖြစ်ပါစေ …


ကြယ်ပြာ

မအိရေကျေးဇူးပဲနော်

Tuesday, January 6, 2009

မွေးနေ့အတွက် ဆုတောင်း




နှစ်ဦးလရဲ့ နောက်ဆုံးတရက်
ပျော်ရွှင်စရာ ဒီမွေးနေ့ ရက်
စဉ်ဆက်မပျက် သံသရာအတွက်သာ မြတ်ဗုဒ္ဓာအား
ပူဇော်ကြည်ညို ကုသိုလ်ယူကာ
လိမ်မာရေးခြား ညီမငယ် အား
မွေးနေ့ ဆုမွန် တောင်းပြုလို၏
ဘေးဘယာဝေးကွာ ကျန်းမာစွာဖြင့်
သက်တော်ရာကျော် ရှည်စေကြောင်းနှင့်
ချမ်းမြေ့ ရွှင်လန်း ပါစေကြောင်း

ချစ်တဲ့  အမ kikie
အမရေကျေးဇူးပါ နော်

Sunday, January 4, 2009

ဆုတောင်း


တစ်နှစ်ကူးတဲ့ ...

မွေးနေ့ထူးမှာ ...

ကြည်နူးပျော်ပါး ...

သာယာမှုများ ...

ပြည့်စုံနိုင်စေ ...

တောင်းဆုချွေသည် ...။


အကိုဝင်းဇော်


ပေးပို့သူအားအထူးကျေးဇူးတင်ပါသည်။

မွေးနေ့အမှတ်တရ


နှစ်သစ်လေး တခုရဲ့ အစပြုသောလလေးမှာ

ပျော်ရွှင်ဖွယ် အတိနဲ့ ဖြစ်တည်ခြင်းများ စခဲ့သူ
ချစ်သော မိသားစု၊ ချစ်သူ နဲ့
ထာဝရ အတူပျော်ရွှင်စွာ နေနိုင်ပါစေကြောင်း


အကောင်းအဆိုး ဒွန်တွဲကြုံလို့
ရဲရဲရင်ဆိုင် ဖြေရှင်းနိုင်စေ
ချစ်ခင်သူများ အပြုံးများနှင့်ပျော်ရွှင်ပါစေ


ပူလောင်မူကင်းတဲ့
အလင်းပေးတဲ့ ဖိုးလမင်းလို
အများအပေါ် အေးမြတဲ့ အလင်းရောင်များ
ထာဝစဉ် ပေးနိုင်ပါစေ.....


တောင်ပေါ်သား

မွေးနေ့အမှတ်တရပေးပို့သူအားကျေးဇူးအထူးတင်ပါတယ်။

Thursday, January 1, 2009

ကျွန်မ နှင့် 2009 မွေးလ


January လ ရောက်လျှင်နှစ်သစ်ဖြစ်တာကတစ်ကြောင်း၊မွေးလဖြစ်တာကတစ်ကြောင်းမို့လို့
ကျွန်မရဲ့အပျော်ဆုံးလလို့ပြောနိုင်ပါတယ်။
ငယ်ငယ်တုန်းကတော့မွေးနေ့ဆိုအမေကလုပ်ပေးနေကျလေမွေးနေ့လက်ဆောင်ဖောက်ရုံပဲ။
ကျောင်းနေအရွယ်နည်းနည်းကြီးလာတော့အမေကဆက်လုပ်ပေးတယ်။
အိမ်မှာစားသောက်ပြီးအပြင်ပန်းခြံတွေသူငယ်ချင်းတွေနဲ့လျှောက်သွားတယ်။ပါဆယ်ဂိမ်းလိုဂိမ်းမျိုးတွေဆော့တယ်။
အခုတော့ကျောင်းလည်းပြီးပြီသူငယ်ချင်းတွေကလည်းတကွဲတပြားစီသူ့အလုပ်နဲ့သူတွေဆိုတော့ အနားကရှိတဲ့သူငယ်ချင်းလေးတွေနဲ့လက်လှမ်းမှီသလောက်လေးတွေ၊အမေ့အသိ၊အမအသိမိတ်ဆွေတွေကို
ဖိတ်ပြီးအိမ်မှာဘုရားပင့်ပါတယ်။မွေးနေ့တိုင်းပင့်နေကျဘုရားကတော့ က္ကုစ္ဆာသယလိုတရ ဘုရားပါ။
ကလေးတုန်းကလိုမွေးနေ့လက်ဆောင်လည်းဖောက်ချင်စိတ်မရှိတော့လို့လက်ဆောင်မပေးခိုင်းပါဘူး။
အရမ်းခင်ကြတဲ့သူတွေကတော့အမြဲပဲလက်ဆောင်ပေးပါတယ်။အဲဒီအခါကျတော့လည်းကျွန်မ၀မ်းသာရတာပေါ့။
အမေနှင့်အမတို့ကတော့နှစ်တိုင်းလက်ဆောင်ပေးတယ်။ဘလော့ကညီအကိုမောင်နှမတွေကတော့
ကျွန်မရဲ့မွေးနေ့လက်ဆောင်မဟုတ်ပဲမွေးနေ့အမှတ်တရလေးအနေနဲ့ကဗျာဖြစ်ဖြစ်၊
ဘုရားအကြောင်းအရာတစ်ခုခုဖြစ်ဖြစ် အမှတ်တရရေးပို့ပေးစေချင်ပါတယ်။အဲဒီအကြောင်းအရာတွေကို
ကျွန်မရဲ့ဘလော့မှာဒီတစ်လလုံးတင်သွားမှာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။


မချစ်ရ