သရဲကားကြိုက်တတ်တဲ့ကျွန်မအဖို့တော့နေ့ခင်းကြောင်တောင်
လင်းလင်းချင်းချင်းကြီးသရဲကားကြည့်ရမှာထက်
ညဘက်တိတ်တိတ်ဆိတ်ဆိတ်၁ယောက်ထဲ
သရဲကားကြည့်ရတာကပိုပြီး feelin လာတယ်လို့ထင်ပါတယ်။
နေ့လည်ခင်းသရဲကားကြည့်ရင်တော့အဖော်အမေ့ကိုအတင်းခေါ်ကြည့်ပါတယ်။
ကြောက်လို့တော့မဟုတ်ပါဘူးတစ်ယောက်ထဲပျင်းလို့ပါ။
နောက်တော့လည်းကြည့်တုန်းခဏသာရုတ်တရက်လန့်တာရှိရင်ရှိမယ်
ဘယ်တော့မှသရဲမကြောက်တတ်လို့အမေကတောင်သရဲကားတွေကြည့်ပြီး
မကြောက်ဘူးလားလို့မေးနေပါသေးတယ်။ညဘက်သရဲကားကြည့်ရင်ကျွန်မက
ကိုယ့်ကွန်ပျူတာမှာပဲကြည့်လေ့ရှိတယ်။သရဲကားကတော့စုံနေပါပြီ
The eyes,Shutter,Exorcise,Narnat(thai),Korea သရဲကား
ကြောက်စရာကောင်းတာတွေချည်းပဲရွေးကြည့်တာလေမကြောက်ပေါင်။
အပြင်မှာလည်းသရဲကိုမမြင်ဘူးတော့မကြောက်ဘူးပေါ့
ဒါပေမယ့်လူမရှိပဲအသံကြားတာတော့ဖြစ်ဘူးတယ်။
ဒါလဲမကြောက်လို့ခက်နေတာ(ဟိ)အဲဒါနဲ့သရဲကားကြည့်နေရင်း
အွန်လိုင်းကလည်းဖွင့်ထားသေးတယ်လေ
ဖွင့်ရတဲ့အကြောင်းရင်းကလည်းချက်တင်လုပ်ချင်လို့မဟုတ်ပါဘူး
အရေးကိစ္စလေးတွေရှိရင်ဆက်သွယ်နိုင်အောင်ပါ။ဒါကလည်း..
လူတိုင်းလူတိုင်းမှာအရေးကြီးကိစ္စဆိုတာအနည်းအများရှိကြတာပဲလေ
သရဲကားကလည်းညဘက်ညဥ့်နက်လေကြောက်စရာကောင်းလေပေါ့
ကောင်းခန်းတို့တ၀က်တပျက်တို့ဆိုရင်လာပါပြီကျွန်မကြောက်ရမယ့်
အွန်လိုင်းသရဲတွေကအဲဒါတွေကိုတော့ကျွန်မတော်တော်ကြောက်ပါတယ်။
သူတို့ကသူတို့စာရေးလို့ပြန်မရိုက်တာတို့သူတို့ခေါ်လို့ဖုံးမကိုင်တာတို့ဆိုရင်
ပြောဆိုချင်ကြပါပြီ။ဘာလဲဘဲနဲ့ချက်နေလို့လားကောင်လေးနဲ့
စကားပြောနေလို့လားနဲ့ရိသလိုလိုရစ်သလိုလိုတွေပြောလာကြပါတယ်။
ခက်တာကကျွန်မကလည်းကြောက်စရာကောင်းခန်းရောက်ရင်
စိတ်ဝင်တစားနဲ့ကြည့်နေတဲ့အခါစာကိုပြန်မရေးချင်ပါဘူး။
အဲ..အဲလိုမျိုးဆိုရင်တော့ဘယ်အချိန်ထဲကပြောဖို့ချောင်းနေကြတာလည်းမသိတဲ့
သရဲတွေက(အဲ..လူတွေပေါ့)ပြောကြပါပြီ။ပြန်မချက်ချင်လည်းနေပေါ့၊
မအားလည်းနေပေါ့နဲ့သူများရဲ့တဘက်မှာအားလားမအားလား
ကွန်နက်ရှင်မှကောင်းရဲ့လား၊မီးအားများကျသွားလို့လား
ဘာလုပ်နေသလဲကွန်ပျူတာရှေ့မှာရောရှိရဲ့လားဆိုတဲ့
အတွေးတွေသူတို့မတွေးပါဘူး။
ဘာလို့မတွေးသလဲဆိုတော့နားလည်မှုမရှိကြလို့ပေါ့။
ဒီကြားထဲကမှပြန်မချက်လို့ဆဲသွားတဲ့(ဇာတိပြ)သွားတဲ့လူတွေကရှိပါသေးတယ်။
တစ်ခါဆိုပြောသွားပါသေးတယ်အကောင့်ဖွင့်ထားပြီးအနားမှာမရှိရင်
မဖွင့်ထားပါနဲ့လားတဲ့လေအကောင့်ဖွင့်တာမဖွင့်တာ
ပြန်ချက်တာမချက်တာကသူတို့အလုပ်မဟုတ်ပါဘူး။
သူတို့ကွန်ပျူတာကိုလည်းချီးဌားသုံးထားတာမှမဟုတ်တာပဲ။
နောက်ဆုံးရည်းစားနဲ့စကားပြောနေတဲ့မိန်းကလေးဖြစ်နေဦးတော့သူတို့ကို
ပြန်မချက်လို့စိတ်ဆိုးစရာမရှိပါဘူးသူအချိန်မပေးနိုင်လို့ပေါ့ရှင်းနေတာပဲလေ။
ကျွန်မအွန်လိုင်းစသုံးခါစကခင်မင်တဲ့လူတွေဆိုအခုထိခင်ခင်မင်မင်နဲ့
မောင်နှစ်မစိတ်ဓာတ်အပြည့်အ၀ရှိကြပါတယ်၊
နားလည်မှုလည်းအပြည့်ဝကိုထားပါတယ်။
သူတို့စာရိုက်လို့ပြန်မရိုက်နိုင်ရင်လည်းစိတ်ဆိုးသွားတယ်
ပြောဆိုသွားတယ်ဆိုတာမရှိပါဘူး။
သူတို့ဖုံးခေါ်လို့မကိုင်ရင်လည်း(မအားလို့လား၊sorry ပါ)ဆိုတဲ့ယဉ်ကျေးတဲ့အသုံးနှုန်းပဲသုံးသွားကြတာများပါတယ်။
နောက်တချိန်အွန်လိုင်းမှာပြန်တွေ့ရင်လည်းဒီလိုပဲခေါ်မြဲတိုင်းခေါ်ပါတယ်။
တချို့ဆိုသူတို့ကောင်မလေးတွေနဲ့တောင်ရိုးသားစွာမိတ်ဆက်ပေးပါတယ်။
၁၀ယောက်မှာဆို၁ယောက်လောက်တော့မကောင်းတဲ့လူပါလာတာပေါ့လေ။
အခုတော့အဲဒီလိုလူတွေတော်တော်ကိုအွန်လိုင်းမှာရှားနေကြပါပြီ
(ရှိရင်လည်းရှိမှာပေါ့လေကျွန်မနဲ့မတွေ့လို့ပါ)
ယောင်္ကျားတစ်ယောက်ဖြစ်ပြီးမိန်းမတစ်ယောက်ကိုဘယ်လိုဘယ်ပုံ
နစ်နာအောင်ပြောလိုက်မယ်ဆိုပြီးဂုဏ်ယူဝင့်ကြွားနေတဲ့သူတွေတပုံကြီး
ပေါများနေပါတယ်။အဲလိုလူတွေကလည်းကိုယ့်ကိုယ်ကိုပြန်စမ်းစစ်ဖို့
အချိန်မပေးနိုင်ကြပဲသူများတွေကိုထိခိုက်ပြောဆိုဖို့ပဲ
အချိန်ရှိကြတဲ့လူတွေလို့ကျွန်မတော့ထင်ပါတယ်။
အခုတော့နေ့လည်ဆိုအွန်လိုင်းဖွင့်ထားပြီး
ကွန်ပျူတာအနားမှာအချိန်ပြည့်မရှိတတ်တဲ့
ကျွန်မအဖို့တော့နေ့ခင်းကြောင်တောင်ကိုသရဲခြောက်ခံနေရပါတော့တယ်။
PS..သရဲကားကြည့်ချိန်ဆိုကြိုက်တတ်မှန်းသိလို့တမင်လာစနေကြ
မောင်လေးတစ်ယောက်တော့မပါပါဘူးလွှတ်ထားလိုက်ပါတယ်။
သူကလူပျိုသိုးလေးမို့စကားပြောမယ့်သူမရှိလို့သနားလို့ပါ :P
မချစ်ရ
အရမ်းလွမ်းတာပဲ
1 month ago
6 comments:
မကြီး အပျိုသိုးရေ နင်က ဒရမ်မာ
သရဲတွေ ကြည်.ပြီး မကြောက်ဘူး စွတ်
အော်နေတယ် ... အပျိုသိုးဖြစ်မှ သရဲကား
စကြည်.ပြီးများ လေကြီးလေကျယ်တွေ ပြောထား
သေးတယ် လူရှိန်အောင်မလား ... ငါကတော.
ရှိန်ကို မရှိန်ဟေ.ဘူး ... :D :P
သရဲအကြောင်းရေးတာထင်လို့ မနက်မှ ဖတ်ရင်ကောင်း မလားတွေးမိသေးတယ်..။
တချို့လူတွေက ကြာလေ စာရိတ္တပျက်ပြားလာလေပေါ့
သတိထားဆက်ဆံပေါ့...။
သရဲကားထဲမှာတော့ ကိုရီးယားသရဲကားက ပိုကြည့်ကောင်းတယ်...။
ပါးပါးလေးနဲ့ ဖျတ်ခနဲ လန့်အောင်၇ိုက်တတ်တယ်
မှန်လိုက်တာ ညီမလေးရေ
ဘလိုင်း ကြီးပါလား
လူကို တည့်တည့်ရေးနေသလိုပဲ
တော်ပီ
blog သရဲ ပဲလုပ်တော့မယ် လူသိသွားပီ
sorry ပါဗျာ q နေတာအနှောက်ရှက်ဖြစ်သွားရင်(ယဉ်ကျေးတယ်နော်)း)
ဟိ စိတ်ဆိုးနဲ့
နာမည်လေးမေးမိပါတယ်
မချစ်ရ တဲ့
လူကိုများစော်စော်ကားကား
မိန်းကလေးမြင်တိုင်းချစ်တဲ့ကောင်ထင်နေလားမသိ
ဟွန်း
နာမည်မေးတာနဲ့ အနီကာဒ်တန်းပြတယ်
မချစ်ရတဲ့
မချစ်ရက သရဲကားတွေကြိုက်တတ်တာကိုး
သရဲကား တွေကြည့်ပြီး ပျော်ပါစေ ..... :D
သရဲတွေထဲမှာ အဆဲသန်တဲ့ အွန်လိုင်းသရဲက ကြောက်စရာအကောင်းဆုံး(အရင်တုန်းက) အခုတော့ ရယ်စရာကြီးကိုဖြစ်လို့
Post a Comment