CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Tuesday, August 18, 2009

ရင်ကိုဖွင့်တဲ့...သော့

key n lock Pictures, Images and Photos

ကျွန်တော့်ဆီက..သတိရခြင်းတွေ
တောင်ပံတပ်ပြီးကောင်းကင်အနှံ့လွှတ်တင်လိုက်တဲ့အခါ
သူမ...ဖမ်းယူထွေးပိုက်နိုင်ပါ့မလား
ကျွန်တော့ရဲ့လွမ်းဆွတ်မှုတွေကို
လေညှင်းလေးတွေနဲ့အတူအမှာတော်ပါးလိုက်တဲ့အခါ
သူမ....ဆီရောက်ပါမလား
ကျွန်တော့်နှလုံးရဲ့ဗဟိုမှာ
သူမ......အတွက်ဖြစ်နေခဲ့တယ်
ရင်ခုန်သံစစ်တွေနဲ့.....
ကျွန်တော်မြတ်နိုးခဲ့တဲ့သူမပေါ့....
မယုံလို့ပုံပြင်လို့ထင်ရင်လဲ
မင်းကိုယ်တိုင်သာမြင်အောင်
ဖွင့်ကြည့်လိုက်ပါတော့
သူမအတွက်ပေးတဲ့ကျွန်တော့်အချစ်တွေက
ရင်..ကို..ဖွင့်..တဲ့..သော့လေး...ပါ......

PS...တစုံတယောက်ကပေးတဲ့ကဗျာလေးပါ

မချစ်ရ

2 comments:

ကောင်လေးငယ် said...

မမရေ ကဗျာလေးကတော့ လန်းတယ်နော်

ကိုရဲ said...

သူပေးတာကများနေတရ် ကိုယ်တိုင်စပ်ကို ရှာမတွေ့ဘူးး(

(ရူးနေတဲ့သူ)