CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Monday, July 20, 2009

ငါ့ရဲ့နောက်ဆုံး(၂)

sad anime Pictures, Images and Photos

ရင်မခုန်တတ်တဲ့အချစ်နဲ့ငါ့ဘ၀မှာ
မင်းကြောင့်မသိမသာလေးရင်ခုန်တတ်လာခဲ့တယ်
မင်းနဲ့တွေ့တိုင်းငါ့စိတ်တွေနူးညံ့လာခဲ့မိတယ်
မင်းရဲ့စကားသံတွေကြားတိုင်းတိတ်တိတ်ပြုံးနေတတ်မိတယ်
မင်းနဲ့ငါလမ်းခွဲကြမယ်ဆိုတိုင်း
တစ်ယောက်ယောက်ကအလျှော့ပေးလို့ပြန်ငြိတွယ်တတ်ခဲ့တယ်
ငါစိတ်ဆိုးတိုင်းမချော့တတ်တဲ့မင်းက
စိတ်ပြေစေအောင်လုပ်ပေးတတ်တယ်
ငါမင်းကိုအရွဲ့တိုက်တိုင်းမင်းကသိသိနဲ့ပဲ
မသိချင်ယောင်ဆောင်ခွင့်လွှတ်ပေးခဲ့တယ်
မင်းရဲ့သီချင်းသံတွေကမင်းကျေနပ်တဲ့
ငါ့ရဲ့နောက်ပြောင်မှုတွေဖြစ်လာခဲ့တယ်
မင်းဂရုစိုက်တိုင်းဘုဂလန့်လုပ်တတ်တဲ့
ငါ့ကိုမင်းကစိတ်ရှည်ခဲ့တယ်
ဒါပေမယ့်လည်း........
ငါ့ရဲ့နာကျည်းမှုတွေကမင်းနဲ့အပြီးတိုင်
လမ်းခွဲစေဖို့ဖြစ်လာလိမ့်မယ်လို့
ငါ..ဘယ်တုန်းကမှထင်မထားခဲ့မိပါဘူး

မချစ်ရ

1 comments:

မိုးစက်အိမ် said...

အမရယ် ကဗျာ အပေါ်ပိုင်းလေးက
လုံးဝ လပ်(ဖ)ဆင်း လေးဗျာ အောက်
ဆုံး ကျမှ ကြေကွဲသွားရတယ်ဗျာ
ကဗျာနုနုလေးပါ ဘဲဗျာ...