အရာအားလုံးဟာပျက်စီးဆုံးရှုံးသွားတော့
ငါ...နာကျည်းခဲ့ပြီပေါ့
မင်းအနားမှာငါနဲ့ပတ်သတ်တာ
ဘာမှမရှိစေချင်သလို
ငါ့ရဲ့ဝိညာဉ်တောင်မင်းအနားမှာ
ဖြတ်သန်းခွင့်ငါပေးတော့မှာမဟုတ်ဘူး
ငါရဲ့ကြိုးစားမှုနဲ့ရပ်တည်နေရတဲ့
ငါ့ဘ၀ကိုပျော်အောင်မင်းပဲလုပ်ပေးခဲ့တယ်
ခုတော့..မင်းပဲပြန်နှုတ်ယူသွားခဲ့တယ်
ရလာဒ်ထက်ဆုံးရှုံးမှုကပိုများနေလေတော့
ငါ..ရင်နာတယ်
ဘာကြောင့်လည်းဆိုတော့
ငါထင်မထားတဲ့မင်းဖြစ်နေတဲ့အတွက်ပဲ
မချစ်ရ
အရမ်းလွမ်းတာပဲ
1 month ago
1 comments:
"ရလာဒ်ထက် ဆုံးရှုံးမှုက များနေလေတော့
ငါရင်နာတယ်"
ဒါလေးကြိုက်တယ်ဗျာ။
Post a Comment