CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday, December 21, 2008

လုပ်စားကြည့်နော်

ပါဝင်သော...
၁.ခေါက်ဆွဲခြောက်
၂.မုန်လာဥနီ

၃.မှို
၎.ပဲသီးစိမ်း
၅.ဂေါ်ဖီပန်းပွင့်
၆.ငုံးဥ
၇.ငါးဖယ်လုံး
၈.၀က်/ကြက်(နှစ်သက်ရာတစ်မျိုး)



ငုံးဥကိုပြုတ်ပြီးသီးသန့်ဖယ်ထားပါ။
မုန်လာဥနီကိုလှီးပြီးရေနွေးနဲ့စိမ်ထားပါ(သို့)ရေနွေးနဲ့ခဏပြုတ်ပါ။
ကျန်သောဟင်းသီးဟင်းရွက်များကိုရေစင်အောင်ဆေးပြီးဆစ်ထားပါ။
ဆီတည်ထားသောအိုးတွင်ကြက်သွန်ဖြူအနည်းငယ်ဆီသတ်၍
ရေဆစ်ထားသောအသီးအရွက်ကိုကြော်ပါ။
အသီးအရွက်ကြော်တွင်ဆား၊အချိုမှုန့်၊ပဲငံပြာရည်အကြည်၊အနောက်၊ခရုဆီ လိုသလောက်ထည့်ပါ။အသားနှင့်ငါးဖယ်ကိုသီသန့်ကြော်ပြီးလျှင်ဟင်းသီးဟင်းရွက်များနှင့်မုန်လာဥနီ၊ငုံးဥ ကိုရော၍ထည့်ပြီးဖျော်ပြီးသားကော်ရည်ကိုထည့်၍အသာအရာမွှေပေးပါ။
ကော်မှုန့်ခဲနိုင်၍အဆက်မပြတ်မွှေပေးပါ။ဆား၊အချိုမှုန့်၊ပဲငံပြာရည်အကြည်၊အနောက်ကိုလိုသလိုထပ်ထည့်ပါ။
သောက်ရေသန့်ထပ်ထည့်ပါ။ကော်ရည်ကိုအနည်းငယ်ပျစ်အောင်ထိကော်မှုန့်ကိုလိုသလိုထပ်ထည့်ပေးပါ။
အရောင်လိုချင်ရင်တော့ပဲငံပြာရည်အနောက်ကိုထပ်ထည့်ပါ။
ဆူလာသည်အထိဆက်တိုက်အသာအရာမွှေပေးနေရပါမည်။
ဆူလာရင်တော့မီးဖိုမှချနိုင်ပါပြီ။ဒီလိုပုံစံရပြီပေါ့နော်။

ခေါက်ဆွဲကြွပ်ကြော်





ခေါက်ဆွဲခြောက်ကိုဆီဆူဆူထဲထည့်ပွအောင်ကြော်ပါ။

ပြီးလျှင်ခေါက်ဆွဲခြောက်ကြော်ပေါ်သို့ချက်ပြီးသားကော်ရည်လောင်းထည့်၍အဆင်သင့်စားသုံးနိုင်ပါပြီရှင်။


ကျွန်မရဲ့အကြိုက်ဆုံးအစားအစာကိုသူများတွေလည်းလုပ်စားနိုင်အောင်ဖော်ပြလိုက်ပါတယ်နော်။

မချစ်ရ

6 comments:

Anonymous said...

ညစာမစားရသေးတာနဲ့အတော်ပဲ...
ဦးဦးဖျားဖျား စားလိုက်ပြီ...

Anonymous said...

ညစာမစားရသေးတာနဲ့
အတော်ပဲဗျာ...

Anonymous said...

ဒီစားစရာနာမည်ကဘာလဲဟင် ... ထမင်းပေါ်ကိုဆမ်းစားရင် ထမင်းပေါင်းဖြစ်မယ်ထင်တယ်နော် ... စားချင်စ၇ာပဲ ...
း)

Welcome said...

ညီမငယ်ရေ
(ဂလု) ဖြစ်သွားတယ်
ဆူဂီဟာကီလား
ဆူရှီလား
ဘယ်လိုခေါ်ရင်ကောင်းမလဲ..

http://winzaw-mdy.blogspot.com

Anonymous said...

အင်းလုပ်စားကြည့်မယ်နော်..ပြီးရင် ကျွေးမယ် သိလား
:P
ပျော်ရွှင်ပါစေနော်

kiki said...

ဒီခေါက်ဆွဲအကြွပ်ကြော် ..ကိုယ့် ဟာကိုယ်လုပ်စားဖြစ်မှာ မဟုတ်လို့  နောက်တခါပြန်လာမှဘဲ လုပ်ကျွေးတော့နော် ။ ကျွေးမယ်ဆိုရင် အမြန်ပြန်လာဖို့  အကြံအဖန်လုပ်လိုက်မယ်လေ ။