အချစ်စစ်ဆိုတာဘာလဲလို့............?????

အချစ်ဆိုတာ... တိုက်ဆိုင်မှုရှိတာလား
သနားတာလား
ကြင်နာတာလား
သ၀န်တိုတာလား
သည်းခံနိုင်တာလား
အနေနီးစပ်မှုလား
ဝေးနေတဲ့အချိန်သတိရနေတာလား
ပူဆွေးတမ်းတမှုလား
ရယူပိုင်ဆိုင်ချင်တာလား
စိတ်ညစ်ရင်သတိရတာလား
ပျော်နေရင်သတိရတာလား
ထပ်တူခံစားရခြင်းလား
ကျွန်မနဲ့သိသမျှသူတွေကိုလိုက်မေးဘူးပါတယ်။
ဖြေရှင်းချက်မျိုးစုံပေးတဲ့အထဲကဒီအချက်တွေလဲပါဝင်တယ်။
ဒါပေမယ့်အဲလိုတွေခံစားဘူးပြီးတော့ရီးစားထားလိုက်တိုင်းကျွန်မတကယ်မချစ်ဘူးဖြစ်ဖြစ်သွားလို့
တကယ်ချစ်တယ်ဆိုတာကိုက့်ကိုကိုယ်ပဲတကယ်ချစ်ကြတာမဟုတ်လားလို့..........? ? ?တကယ်ချစ်လို့သတ်သေကြတယ်ဆိုတာလဲကိုယ်လိုချင်တာမရလို့ကိုယ့်အတ္တအတွက်ပဲမဟုတ်လား...?
စာဖတ်သူများဖြေပေးစေချင်ပါတယ်
မချစ်ရ
5 comments:
အဲဒါတွေအားလုံးက အချစ်ရဲ့တစ်စိတ်တစ်ဒေသတွေလေ
လူတစ်ယောက်ကို သိစိတ်က ချစ်သည်ဖြစ်စေ၊မသိစိတ်က ချစ်သည်ဖြစ်စေ ချစ်နေတဲ့ စိတ်ကို သတ္တိရှိရှိ ၀န်ခံရဲတဲ့စိတ်ရှိရမယ်..ဖြစ်နိုင်သည်ဖြစ်စေ၊မဖြစ်နိုင်သည်ဖြစ်စေ
ချစ်နေတယ်ဆိုတာကို သေချာ လက်ခံရဲတယ်ဆိုရင် အချစ်ကို နားလည်လာလိမ့်မယ်၊ဒါက ကျွန်တော်သိတဲ့ အချစ်ဘဲ..တစ်ခြားလူတွေ ဘယ်လို လက်ခံလဲ ဆိုတာတော့မသိဘူး..ဘာဘဲဖြစ်ဖြစ် လူတစ်ယောက်ကို ချစ်မိပြီဆိုရင်တော့..အဲဒါတွေအားလုံးခံစားဖူးမှာပါ..ဒါပေမယ့်
အဲဒီလူကို ချစ်တယ်ဆိုတာကို ယုံကြည်တဲ့ သတ္တိရှိနေဖို့ဘဲ လိုတယ်..တကယ်ချစ်တဲ့လူနဲ့တွေ့ပြီးပျော်ရွှင်နိုင်ပါစေ
ဲအဲဒီ မချစ်ရ ဆိုတဲ့ အတ္တဆန်ဆန်နာမည်ကြီးကို ပြောင်းလိုက်မှအချစ်စစ်ဆိုတာ ဘာလဲလို့  သိတော့မှာပေါ့ ။။ ပြီးတော့ အဲဒီ လား ...ပေါင်းများစွာ စုံအောင် ရောသမမွှေ ကြည့် ..အချစ်လက်သုတ်စုံ ကောင်းကောင်းလေးတပွဲ အဆင်သင့် သုံးဆောင်နိုင်ပါပြီနော် ..မကြိုက်သေးရင်ပြော .. အဆင်ပြေတဲ့ အထိပြင်ပေးမယ်....ချစ်တတ်ပါစေ ...အချစ်ကြောင့် သတ်သေတယ်ဆိုတာက အရူးတွေ အလုပ် ..မေ့တတ်ရင် ဘုတ်အုတ်လေးထဲရေးပြီးမှတ်ထားအုံး .. :)
အချစ်ဟာ
ငိုခြင်းကိုဖြစ်ပေါ်စေ၏။
ဝန်တိုခြင်းကိုဖြစ်ပေါ်စေ၏။
ပျော်ရွှင်ခြင်းကိုဖြစ်ပေါ်စေ၏။
ဝမ်းနည်းခြင်းကိုဖြစ်ပေါ်စေ၏။
သတိရခြင်းကိုဖြစ်ပေါ်စေ၏။
ရယူလိုခြင်းကိုဖြစ်ပေါ်စေ၏။
ပေးဆပ်လိုခြင်းကိုဖြစ်ပေါ်စေ၏။
အမျိုးမျိုးသော ခံစားချက်ကို ဖြစ်စေပါတယ်။
ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ မဟုတ်ဘဲ
ဘာကြောင့်မှန်းမသိချစ်မိသွားခြင်းက အချစ်ပါ။ ခံယူထားသလောက်လေးပေါ့။ သူများနဲ့တူပ မလားတော့ မသိဘူးနော်... မချစ်ရ တစ်ယောက် အချစ်စစ်ကို ပိုင်ဆိုင်နိုင်ပါစေ။
အချစ်ဆိုတာ
နှလုံးသားနှစ်ခု ပေါင်းစပ်ပြီး တစ်ဦးစီရဲ့ ရင်ထဲကနေ သံစဉ်မဲ့ ပေါက်ကွဲစေတဲ့ စိတ်ခံစားမှု တစ်မျိုးဖြစ်တယ်။
အချစ်က
အရာရာကို လှပအောင် ဖန်တီးနိုင်သလို
အရာရာတိုင်းကိုလည်း အရုပ်ဆိုး အကျည်းတန် အောင်လည်း ဖန်တီးနိုင်ပါတယ်။
အမှန်တော့
အချစ်က
ခွင့်လွှတ်ထိုက်တဲ့ ရူးသွပ်ခြင်းပါ။
(နားမလည်စွာနဲ့ ၀င်ပွားပါတယ်)
http://winzaw-mdy.blogspot.com
“သူတို့ဘဝနဲ့ သူတို့ခံစားချက်တွေကို နားလည်လာတဲ့အခါ ကျတော့မှ သူတို့ကိုသနားတဲ့စိတ်၊ ချစ်တဲ့စိတ် ဖြစ်လာပါတယ်၊ နားလည်မှပဲ ချစ်လို့ရတယ်၊ နားမလည်ရင် ချစ်လို့မရဘူး၊ အချစ်ဆိုတာက အင်မတန်ကြီးမားပါတယ်၊ အလွန်ပဲနက်နဲပါတယ်၊ တကယ်အပြည့်အစုံ နားလည်ဖို့ရာ မလွယ်လှပါဘူး ဘာနဲ့မှ တိုင်းတာလို့ မရပါဘူး၊ စကားလုံးတွေရဲ့ ဘောင်အတွင်းမှာလဲ သူကို ထည့်ထားလို့ မရနိုင်ပါဘူး။”
ဒါက ဆရာတော်ဦးဇောတိက ရဲ့  အချစ်နဲ့ပတ်သက်ပြီးဟောကြားချက်ဖြစ်တယ် ။
အချစ်စစ်နဲ့ တွေ့ ပြီး စစ်မှန်စွာ ချစ်တတ်ပါစေ နော်...
Post a Comment