CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Saturday, February 7, 2009

ဗုဒ္ဓဘာသာကောင်းတစ်ယောက်



ဗုဒ္ဓဘာသာကောင်းတစ်ယောက်သည်

ရတနာသုံးပါးကံ ကံ နှင့် ကံ၏အကျိုးတရား မျက်မှောက်လောကနှင့် တမလွန်လောက စသည်တို့ကိုယုံကြည်ရပေမည်။


ဗုဒ္ဓရတနာ

ဗုဒ္ဓရတနာ ဓမ္မရတနာ နှင့် သံဃာရတနာ တည်းဟူသောရတနာသုံးပါးကို ကိုးကွယ်ရမည်။
ဤ ရတနာသုံးပါးကို ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှလွတ်မြောက်၏။

ရတနာသုံးပါးအားရှစ်ခိုးခြင်း

ခြေ လက် နဖူး တံတောင် ဒူး ငါးဦးကြမ်းမှာတည် ထိခြင်းငါးပါးဖြင့်ရှိခိုးရ၏
(၁)ခြေနှင့်ကြမ်းပြင် ထိခြင်း
(၂)လက်နှင့်ကြမ်းပြင်ထိခြင်း
(၃)နဖူးနှင့်ကြမ်းပြင်ထိခြင်း
(၄)တံတောင်နှစ်ဖက်နှင့်ကြမ်းပြင်ထိခြင်း
(၅)ဒူးနှစ်ဖက်နှင့်ကြမ်းပြင်ထိခြင်း


ဗုဒ္ဓဘာသာဝင်သည်

(၁) ဘုရား
(၂)တရား
(၃)သံဃာ
(၄)ကံ ကံ၏အကျိုး
(၅)အကြောင်းနှင့်အကျိုး ဆက်သွယ်မှု
(၆)အတိတ်ဘ၀ အနာဂတ်ဘ၀ တို့ကိုယုံကြည်ရသည်။

ကံဟူသည်ကုသိုလ်ကံ နှင့် အကုသိုလ်ကံ ပင်ဖြစ်သည်လောက ၌
မည်သူမဆိုကောင်းတာလုပ်လျှင်ကောင်းကျိုးကိုခံစားရ၏ ။ မကောင်းတာလုပ်လျှင်မကောင်းကျိုးခံစားရ၏။

ဗုဒ္ဓဘာသာဝင်တစ်ဦးသည်ထိုသို့လက်ခံယုံကြည်နေက
အမှန်ကိုလက်ခံယုံကြည်ခြင်းဖြစ်၍အယူဝါဒမပျက်မစီးတည်နေသည်။

ဤကဲ့သို့ဘုရား တရား စသည်တို့ကို
မယုံကြည်တော့ဘဲအောက်ပါတို့ကိုလက်ခံယုံကြည်ပါက
ဗုဒ္ဓဘာသာဝင်အဖြစ်ပျက်စီးရုံမျှမက အယူမှန် ၀ါဒမှန်လည်းပျက်စီးသည်
မိစ္ဆာဒိဋ္ဌိဖြစ်သည်

(၁)လောက၌ဖန်ဆင်းရှင်ရှိ၏ဟုမှားယွင်းစွာယူဆ တတ်ကြသည်။
ယင်းသို့ ယူဆသောဝါဒကို ဖန်ဆင်းရှင်ဝါဒ ဟုခေါ်ပါသည်။
(၂)လောက၌ကုသိုလ်ကံ အကုသိုလ်ကံဟူ၍မရှိ
ယင်းသို့ အကြောင်းကံကိုပယ်ခြင်းဖြစ်၍ အကိရိယဒိဋ္ဌိ ဟုခေါ်ပါသည်။
(၃)ကုသိုလ်ကံ အကုသိုလ်ကံ တို့၏အကြောင်းတရားဟူ၍မရှိ
မည်သည့်ကောင်းကျိုးမကောင်းကျိုးကိုမျှ မခံစားရဟုယူဆ တတ်ခြင်းသည်
အကျိုးဝိပါကကိုပယ်ခြင်းဖြစ်၍ နတ္ထိကဒိဋ္ဌိ ဟုခေါ်ပါသည်။
(၄)ကုသိုလ်ကံ အကုသိုလ်ကံတို့ ၏ အကျိုးဟူ၍လည်းမရှိဟုယူဆတတ်ခြင်းသည်
အကြောင်းအကျိုးနှစ်မျိုးလုံးကိုပယ်ခြင်းဖြစ်၍ အဟေတုကဒိဋ္ဌိ ဟုခေါ်ပါသည်။

အယူမှား(မိစ္ဆာဒိဋ္ဌိ) တစ်မျိုးမျိုးကိုလက်ခံယုံကြည်လိုက်လျှင် ထိုသူ၏မူလကရှိနေသောအယူမှန်ဝါဒ(သမ္မာဒိဋ္ဌိ) သည်ပျက်ဆီးလေတော့သည်။

သရဏဂုံ

ဘုရား တရား သံဃာ ရတနာသုံးပါးသည်ကိုးကွယ်အားထားရာဖြစ်သောကြောင့်သရဏဖြစ်၍
ထိုသရဏ အပေါ်တွင်ယုံမှားတွေဝေမှုမရှိဘဲ
ကြည်ညိုလေးမြတ်ဆည်းကပ်ကိုးကွယ်သော
သဒ္ဒါ ပညာ စသည့်ကုသိုလ်စိတ်များသည် သရဏဂုံ ဖြစ်သည်။

(၁)ဘုရားရှင်အားဆွေမျိုးအဖြစ်မှတ်ယူ၍ရှစ်ခိုးခြင်း
အရိုအသေပြုခြင်းမျိုးသည်သရဏဂုံဆောက်တည်ရာမရောက်
(၂)အကြောက်တရားကိုအခြေခံ၍ရှိခိုးခြင်း
အရိုအသေပြုခြင်းမျိုးသည်သရဏဂုံဆောက်တည်ရာမရောက်
(၃)ဘုရားရှင်အားလောကီလမ်းညွှန်နာယူရသောကြောင့်ဆရာအဖြစ်မှတ်ယူ၍
ရှိခိုးခြင်း အရိုအသေပြုခြင်းမျိုးသည်သရဏဂုံဆောက်တည်ရာမရောက်
(၄)သီလ သမာဓိ ပညာဂုဏ်စသည်တို့ကိုရည်မှတ်၍ရှိခိုးခြင်း
အရိုအသေပြုခြင်းမျိုးသည် သရဏဂုံ တည်သည်။

ဘုရား တရား သံဃာ ကိုမပစ်ပယ်ပဲ လာဘ်လာဘရွှင်စေလို၍နတ်ကိုပူဇော်ခြင်း
နတ်ဖမ်းစားမည်ကိုစိုးရိမ်၍ရိုးရာတင်မြှောက်ခြင်းတို့သည်သရဏဂုံမပျက်ပေ
ဘုရားကိုပယ်ပြီး နတ်ကိုဖြစ်စေ တခြားသောဘုရားအလောင်းတရုတ်အန်းကုန်းကို
ဖြစ်စေကိုးကွယ်ရာဟုဆည်းကပ်မူကားသရဏဂုံပျက်သည်။

PS...ကျွန်မ၏မြန်မာလိုမွေးနေ့လေးတွင်အမှတ်တရအနေဖြင့်
ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်မှကောက်နှုတ်ဖော်ပြလိုက်ပါသည်။

မချစ်ရ

2 comments:

ဒေါင်းမင်း said...

အခုလိုဘာသာတရားနဲ့ပါတ်သတ်တဲ့စာလေးတင်တာ
တကယ့်ကိုလေးစားပါတယ်..
သရဏဂုံတော့အမြဲဆောက်တ်ာဖြစ်ပါတယ်..
လူတိုင်းကိုလဲဆောက်တည်စေချင့်တဲ့ဆန္ဒဖြစ်ပေါ်ပါတယ်....အားပေးနေပါတယ်..အခုလိုတန်းဖိုးရှီစာလေးတွေ
ရေးတာ...

Welcome said...

ကောင်းတယ်အစ်မ၊
စေတနာတွေ မြင်သွားပါတယ်။
ပျော်ရွှင်ပါစေနော်။