ကျွန်မရဲ့မြန်မာလိုမွေးနေ့လေးဖြစ်တဲ့ တပို့တွဲလဆန်း၁၃ရက် နေ့မှာငါးလွှတ်တယ်။
အိမ်ကလူတွေကိုမုန့်ဝယ်ကျွေးတယ်။ညနေမှာရွှေတိဂုံဘုရားတက်ပြီးကုသိုလ်ကောင်းမှုလုပ်ခဲ့တယ်။
အရင်နှစ်တွေကမြန်မာလိုမွေးနေ့ကိုသတိမထားမကြည့်ဖြစ်ခဲ့ဘူးဒီနှစ်တော့မြန်မာလိုမွေးနေ့ကို
ရှာကြည့်ပြီးတွေ့လို့ ငါးလွှတ်၊ဌက်လွှတ်ချင်စိတ်ဖြစ်လာခဲ့တယ်လေ။
ဒါပေမယ့်ဌက်ကမတွေ့လို့ငါးပဲလွှတ်ခဲ့ရတယ်။
မချစ်ရ
အရမ်းလွမ်းတာပဲ
2 months ago
6 comments:
ငယ်ရေ။ငါးလွှတ် ၊ ငှက်လွှတ် ။ဘာလွှတ်လွှတ် ၊သူများအသက်ချမ်းသာရာရအောင် လုပ်ပေးတာ သိပ်ကောင်းတာပေါ့ ။သာဓု ၃ ကြိမ် ခေါ်ပါတယ်နော် ။အသက်ရှည်ရာ အနာကင်းကြောင်း ဆုတောင်းတွေနဲ့ ပြည့်ဝ ပါစေ။ ဒါပေမဲ့  ဆုတွေချည်းဘဲထိုင်တောင်းနေရုံနဲ့  မဖြစ်ဘူးနော် ..ကိုယ့်ကိုကိုယ် ဂရုစိုက် နေထိုင်မှ ရမယ် ။ဟုတ်ပြီလား။။။။
မွေးနေ့ ကုသိုလ်တွေအားလုံးအတွက် ၀မ်းမြောက်စွာနဲ့ သာဓု(၃)ကြိမ် ခေါ်ပါတယ်။
ဗုဒ္ဓအကျိုးကို ဆထက်ထမ်းပိုး သယ်ပိုးရွက်ဆောင်နိုင်ပါစေလို့ ဆန္ဒပြုလိုက် ပါတယ် .. ..။
ခင်မင်လျက်
သာဓု သာဓု သာဓု ပါငယ် ...
စိတ်ဧ။်ချမ်းသာခြင်း၊ကိုယ်ဧ။်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ
မွေးနေ့ကုသိုလ်အားလုံးအတွက် သာဓုခေါ်ပါတယ်အစ်မရေ ပျော်ရွှင်အဆင်ပြေပါစေဗျာ။
ငါးလွှတ်တယ်ဆိုပြီး ရေပုံးကြီးကိုင်လို့ ငါးလည်းမမြင်ရ ပါလား???? :D
Post a Comment